Wednesday, December 31, 2008

စိတ်ကူးယဉ်


ဘလော့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုဝင်းဇော်မှ tag ထားတဲ့အတွက် ဒီပိုစ့်လေး ကို ရေးဖြစ်သွားပါတယ်၊ နောက်ကျနေတဲ့ အတွက်လည်း နားလည် ပေးစေချင် ပါတယ်၊ စိတ်ကူးမယဉ်ဘူးတဲ့သူ ဆိုတာ မရှိပါဘူး...အဲဒီ အရသာဟာ တော်တော်လေး ကောင်းတယ်.. တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးများ နဲ့ ဆိုတော့လေ

ဝင်း စိတ်ကူးယဉ်တဲ့ အချိန်က ရုံးသွား ရုံးပြန်ဖယ်ရီပေါ်မှာနှင့် ညအိပ်ရာဝင်ချိန် တွေပါဘဲ..ငါသာ ပိုက်ဆံတွေအများကြီး ရှိရင်ပေါ့ ကိုးကွယ်တဲ့ ရွာကဘုန်းကြီး ကျောင်းက မပြီးသေးတဲ့ ဘုရားသိမ်တော်ကြီးကိုလည်း လှူမယ် အဲဒါကို စိတ်ကူးယဉ်တိုင်း ပါတယ်လေ..အခုရာသီက ကျိုက်ထီးရိုး ဘုရားကို သွားရောက်တဲ့ အချိန်ဆိုတော့ ဝင်းရဲ့ မိခင်အပါအဝင် သူငယ်ချင်းတွေနဲ့ သွားဖူးချင်နေပါတယ်..ပညာတော်သင်ပြန်လာတဲ့ သူတွေ presentation လုပ်ကြတဲ့အခါမှာ ငါသာဆိုရင် ဘယ်လိုလုပ်မယ်ပေါ့.... ပြီးတော့ အဝေးရောက်နေတဲ့ တယောက်သောသူ အခုနေများ ရောက်လာခဲ့ရင် ဘယ်ကိုသွားလည်ရင် ကောင်းမလဲပေါ့....

တော်ပြီ ကိုဝင်းဇော်ရေ ရေးရင်းနဲ့ အကြောင်းတွေ ပေါ်ကုန်လိမ့်မယ်နော့....နောက်ဆုံးကတော့ ကားအ‌ကောင်းစား ကြီးကို ကိုယ်တိုင်မောင်းပြီး ရုံးတက်ချင်တယ်လေ...

Tuesday, December 30, 2008

နှစ်သစ်မှာ...လွမ်း


နှစ်ဟောင်းကုန်နှစ်သစ်ကို ရောက်ပါတော့မယ်......ပျော်ရွှင်စွာနဲ့နှစ်သစ်ကိုကြိုလိုက်ရအောင်.....
ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပီပေါ့။ ဒါပေမယ့် အိမ်ဂျယ်တွေကတော့ အသက်ဘယ်လောက်ကြီးကြီးနတ်တန်ခိုးနဲ့အမြဲတမ်း နုပျိုနေပါသတဲ့။ ကံကောင်းတယ်နော် အိမ်ဂျယ်ဖြစ်ရတာ.....
နှစ်ဟောင်းကုန်ဆုံးမယ့် ဒီဇင်ဘာ(31) ညပိုင်းလေးမှာ နတ်သမီးတို့နေထိုင်ရာ အထင်ကရရွှေမြို့တော်ကြီးမှာ နှစ်သစ်ကူးပွဲတော်ကို
ဆင်ယင်ကျင်းပဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်.... အားလုံးသော နတ်သား၊ နတ်သမီးတွေက နှစ်သစ်ကူးသဘင်ကိုဆင်နွဲဖို့ တက်ကြွနေပေမယ့် အိမ်ဂျယ်ယဉ်တစ်ယောက်ကတော့ မပျော်နိုင်ပါဘူး.....
ဘာကြောင့်များပါလိမ့်နော်.......အိမ်ဂျယ်ယဉ်ရဲ့သူငယ်ချင်းတွေက ဝိုင်းပြီးမေးကြပေမယ့် သူမကတော့မဖြေပါဘူး။ မပျော်ရွှင်တဲ့ မျက်နှာနဲ့အိမ်ဂျယ်ယဉ် စိတ်ထိခိုက်နေပါတယ်.....
နှစ်သစ်ကူးပွဲတော်မှာစီစဉ်ထားတဲ့ စားသောက်စရာတွေကလည်း စုံလင်လှပါတယ်။ မွှေးပျံ့တဲ့ ရနံ့တွေ တလှိုင်လှိုင်သင်းလို့ တည်ခင်းထားတဲ့ စတိုင်ကလည်းအပျံစားပဲ....စားသောက်ဖို့ အချိန်နီးလာလေ အိမ်ဂျယ်ယဉ်ရဲ့မျက်နှာမကောင်းလေပါပဲ.....
နောက်ဆုံးတော့သိရပါပြီ......အိမ်ဂျယ်ယဉ်တစ်ယောက် စားစရာတွေများကာမှ သွားနာသည့်ဝေဒနာကြောင့် မစားနိုင်ပဲ နှစ်သစ်မှာရေသောက်ပြီးလွမ်းနေရပါ သတဲ့.......(yin)

အချစ်စစ်စစ်


ချစ်ပန်းပင်မှာ....ကြင်နာလေဟန်
ပွင့်ဖတ်နားခို......ဝတ်ရည်ချိုသုံး
ကိုယ်လွတ်ရုန်းပြေး.....လိပ်ပြာလူလည်
ကိုယ်မဖြစ်ချင်.......
အကြင်နာစစ်......ရင်မှာဖွဲ့နှောင်
တစ်ကောင်မရှိ.....တစ်ကောင်သိက
ယောင်တိယောင်ငေး.......တဆွေးမြေ့မြေ့
အဆွေးစိတ်ပို......အောက်ချင်းငှက်လို
ကိုယ်ဖြစ်ချင်သည်.........
yin

Thursday, December 25, 2008

ပျောက်ဆုံးချိန်

မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ ပင်ပန်းလွန်းပါတယ် မျှော်လင့်စောင့်စားရတဲ့ အရာဟာစိတ်ဒဏ်ရာရစေတာတော့ အမှန်ပါပဲ၊မျှော်လင့်ရင်း တသသ ခံစားရတဲ့ ဝေဒနာကိုထပ်ပြီးမခံစားနိုင်တော့ပါဘူး၊မဖြစ်နိုင်တော့တာကိုသိလျှက်နဲ့ မျှော်လင့်မိတာကို ကျွန်မရဲ့ အပြစ်လို့ သတ်မှတ်ရမှာလား ?ဒါမှမဟုတ် ဝဋ်ကြွေးများလား ......
နောက်ဆုံး ကျွန်မသိလိုက်ရတာကတော့ မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ မရေရာ မသေချာတဲ့ အလုပ်တစ်ခု ဆိုတာကိုပါဘဲ
(win)

Wednesday, December 24, 2008

ပြင်ဦးလွင်သို့ အလည်တစ်ခေါက်

မထင်မှတ်ပဲ အိန်ဂျယ်လေး တစ်ယောက် ပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်.။ မူလကတည်းက တောင်ပေါ် မြို့လေးဖြစ်တဲ့အတွက် အေးချမ်းတဲ့ ပြင်ဦးလွင် မြို့လေးဟာ ဒီဇင်ဘာလရဲ့ အစွမ်းနဲ့ အအေး ပိုနေပါတယ်.။

ပြင်ဦးလွင်ကို ရောက်တာနဲ့ မသွားရင် မနေနိုင်လောက်အောင် ဆွဲဆောင်ထားတဲ့ ကန်တော်ကြီး... ပန်းပွဲတော် ရှိတယ်လဲ ဆိုရော အရောက်ကို သွားခဲ့ပါတယ်..... အဝင်မှာတင် များစွာသော ကားတွေ ဆိုင်ကယ်တွေနဲ့ လူပရိတ်သတ်တွေနဲ့ စည်ကားလျက်ရှိပါတယ်... ပန်းဥယျာဉ်ထဲ ဝင်လိုက်တာ စိတ်ကို ကြည့်လင် ပျော်ရွှင်သွားစေခဲ့ပါတယ်...

အားလုံး ပျော်ရွှင်ရအောင် ရိုက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေခံစားခွင့် ပေးလိုက်ပါတယ်....

Monday, December 22, 2008

မိန်းကလေးတွေရဲ့ စိတ်

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။


(အမတစ်ယောက်ကမေးလ်နဲ့ပို့ထားတာလေးပါ ၊ သိပြီးသားဆို ကျော်ဖတ်သွားနိုင်ပါတယ်)win

Sunday, November 30, 2008

သိကောင်းစရာ ဖောလစ်အက်စစ်

ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ထဲမှ ရင်သွေးငယ်လေးများ မွေးရာပါ အင်္ဂါချို့တဲ့မှု့
ရောဂါတွေ မဖြစ်ပွားအောင်ကာကွယ်ပေးရုံတင် သုံးဝင်တာမဟုတ်ပါဘူး၊အားဆေး
တွေမှာဖောလစ်အက်စစ်ဆိုပြီးဖော်ပြလေ့ရှိတဲ့ဗီတာမင်ဘီဟာစိတ်ဓာတ်ကျရောဂါကို
သက်သာစေပြီးအသက်အရွယ်ကြီးလာတဲ့အခါမှာလည်းမှတ်ဥာဏ်တွေလည်းတိုးတက်စေ
ပါတယ်.စိတ်ကျရောဂါသောက်ဆေးများနှင့်အတူ ဖောလစ်အက်စစ်ကို သောက်သုံးပါက စိတ်ကျရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်

အသက်(၅၀)ကျော်တဲ့ သူများကိုသုတေသန ပြုလုပ်ခဲ့ရာမှာဖောလစ်အက်စစ်ကို သုံးနှစ်ခွဲသောက်သုံးလျှင် မှတ်ဥာဏ်ချို့ယွင်းမှု့ကို မဖြစ်စေဘူးလို့ တွေ့ရှိရပါတယ်
ဗီဆာမင်မျိုးစုံနဲ့ဖောလစ်အက်စစ်တွဲသောက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
ဟာသူတို့ရဲ့ မွေးလာမယ့် ကလေးတွေကို ကြီးထွားလာတဲ့အခါ ကလေးမှာ ဖြစ်တတ်
တဲ့ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ ဦးနှောက်အကျိတ်စတဲ့ရောဂါတွေ ဖြစ်ပွားမှု့နှုန်းကို လျော့ချပေးပါတယ်

ဖောလစ်အက်စစ်ဟာ ဆေးလုံးအသွင်နဲ့သောက်သုံးနိုင်သလို ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့စတော်ဘယ်ရီသီး၊ပန်းဂေါ်ဖီ၊ဟင်းနုနယ်ရွက်၊အစိမ်းရောင်ဟင်းရွက်
များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊လိမ္မော်သီးစတဲ့အစားအစားများကိုလည်းစားသုံးနိုင်ပါ
ကြောင်း သုတစွယ်စုံမဂ္ဂဇင်း မှတဆင့် ထပ်ဆင့်ဖော်ပြလိုက်ပါသည်..

Thursday, November 20, 2008

လိပ်ပြာငယ်ချိန်

စိတ်အားငယ်နေချိန်မှာ ဘာကိုမှအာရုံစုစည်းလို့ မရပါဘူး၊ ကိုယ့်ရဲ့နားမှာ ဘာမှမရှိတော့သလို၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားသလို၊ တလောကလုံးမှာ ကိုယ်တစ်ယောက်တည်းကျန်ရစ်ခဲ့သလို၊ မျှော်လင့်ခြင်းတွေပျောက်ဆုံးပြီး ပျော်စရာတွေပျက်သုဉ်းလို့ ကိုယ့်ဘဝကြီးက မှောင်မဲတိတ်ဆိတ်နေခဲ့တယ်.......
စိတ်ဆိုတာ လူတစ်ယောက်ရဲ့လိပ်ပြာဆိုရင် ကျွန်မလေ အခု လိပ်ပြာငယ်နေတယ်။ ဒါကြောင့်မို့.........
ဝမ်းနည်းကြေကွဲစရာတွေ...မသိပါရစေနဲ့ ကျွန်မ မခံစားနိုင်လို့ပါ။
ရက်စက်တဲ့စကားတွေ....မကြားပါရစေနဲ့ ကျွန်မ နာခံနိုင်စွမ်းမရှိလို့ပါ။
ရင်နာစရာတွေ.......မကြုံတွေ့ပါစေနဲ့ ကျွန်မရဲ့နှလုံးသား နာဖျားနေလို့ပါ။
လမ်းခွဲဖို့ကိစ္စ......စကားမစလိုက်ပါနဲ့ ကျွန်မရဲ့စိတ် လိပ်ပြာငယ်နေချိန်မို့ပါ။
(yin)

Saturday, November 15, 2008

ခွဲခဲ့ရသော်

ကာလများစွာ နှောင်တည်ခဲ့ရတဲ့ သံယောဇဉ်တွေ ချစ်ခဲ့ကြတာပါ
ပျော်ရွှင်နေပျော်တဲ့ဘဝမျိုးကို မောင့်ကိုပိုင်ဆိုင်စေချင်တယ် ၊ အနာဂတ်တွေနဲ့ တက်ကြွထက်မြက်နေတဲ့ လူတစ်ယောက်လည်း ဖြစ်စေချင်တယ်လေ. မောင့်အတွက်နောက်ဆုံးလုပ်ပေးစရာ ကျန်နေသေးတယ်ဆိုရင်တောင် ဖြည့်ဆည်းပေးချင်ပါသေးတယ်..
ကျမတို့နှစ်ယောက်က အခုခဏတာလေးခွဲနေရတာပါ . မမျှော်လင့်တဲ့ခဏတာခွဲခွာမှု့က တို့နှစ်ယောက်ကို စည်းအထပ်ထပ် ခြားနေတယ်လို့ ခံစားနေရရင် တကယ်လို့များ ထာဝရခွဲခဲ့ရသော်...ကျမလေ ရူးသွားနိုင်တယ်

(win)

(ဒီနေ့ သူများတွေနားရက်မှာ ကျမမှာတော့ ဂျူတီကြတယ်လေ ၊ပျင်းဖို့လည်းကောင်းတယ်၊ ပိတ်ရက်မှာဂျူတီချတဲ့လူကြီးကိုလည်း မုန်းမိတယ် ၊ အွန်လိုင်းပေါ်မှာလည်းဘယ်သူမှ မရှိ ၊နောကိဆုံးမှာတော့ ချစ်ရတဲ့ မောင့်ကို သတိရရင်း ရေးဖြစ်သွားတာပါ)

Wednesday, November 12, 2008

ငြိတွယ်မိသောအခါ

နာကျည်းမှု့ဆိုတာသူ့အပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး၊ ပရိယာယ်တွေနဲ့ကြွယ်ဝခဲ့တဲ့ မင်းကိုကျွမ်းကျင်တယ်လို့ ချီးကျူးရမလား၊ ဒါမဟုတ် နာကြည်းရမလား..
မျော်လင့်ချက်များစွာနဲ့ တမ်းတခဲ့ရတဲ့ ငါပါ ၊ အပြုံးတွေ ပရိယာယ်တွေနဲ့ လှည့်စားရင်း အလဲထိုးချလိုက်တဲ့ အခါမှဆုံးရှုံးရခြင်းတွေနဲ့ အတူ မင်းရဲ့ ပရိယာယ်တွေကို သဘောပေါက်ခဲ့ရတဲ့ ငါဟာ မင်းကို နားကြည်းမသင့်ဘူးလား...
ဒါပေမယ့် နှလုံးသားထဲမှာ နင့်ရဲ့ပုံရိပ်တွေ စွဲမြဲဆဲမို့ မနာကြည်းရက် မမေ့ပျောက်ရက်တာ အဆန်းတော့မဟုတ်လောက်ပါဘူးနော်.. မှားများနေပြီလား ..
အမှားဆိုရင်တော့ သိပ်ချစ်တတ်တဲ့ ငါ့နှလုံးသားကိုဘဲ အပြစ်ပုံချလိမ့်မယ်.
ငါ့နှလုံးသားက နာကြည်းတတ်ဖို့်ခက်ခဲလောက်အောင် အစွဲအလမ်းကြီးလွန်းတယ်လေ..
ဒါတွေဟာနင့်အပေါ်ထားတဲ့ အချစ်တွေ မလျော့သေးလို့ပါဘဲ
(win)

Monday, November 3, 2008

အမှတ်တရ မွေးနေ့ပွဲလေး


နိုဝင်ဘာလ ၂ ရက်နေ့က Angel Nweni ရဲ့ မွေးနေ့အမှတ်တရ အနေနဲ့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ကို သွားခဲ့ကြပါတယ်။ ခရီးစဉ်ရဲ့ စပွန်ဆာကတော့ မွေးနေ့ရှင် Angel Nweni ပေါ့... ခရီးစဉ်မှာ ကိုသစ်ဆင်း၊ ကျားလေးနဲ့ ကျမတို့ အိန်ဂျယ်အဖွဲ့ဝင် (၃) ယောက် ပါဝင်ခဲ့ကြပြီး အရမ်းကို ပျော်စရာကောင်းတဲ့ ခရီးစဉ်လေး တစ်ခုပါ..။

မွေးနေ့ရှင် Angel Nweni ပြောတာကတော့ ဒီခရီးစဉ်ဟာ တစ်ယောက်သောသူ အတွက် သွားရောက်တဲ့ ခရီးစဉ်လေး ပါလို့ ကျမကို ရင်ဖွင့်ခဲ့ပါတယ်..။ (ဘယ်သူများဖြစ်မလဲ မသိဘူးနော်.။)

အခုလို သူငယ်ချင်းတွေ ပျော်ရွှင်ဖို့ ဒကာခံ လိုက်ပို့ပေးတဲ့ Angel Nwein တစ်ယောက် ဘဝခရီးတစ်လျှောက် ပျော်ရွှင်နိုင်ပါစေလို့.. မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။ (သူငယ်ချင်း အားလုံးမှ)

မှတ်တမ်းတင်သူ - win.

မှတ်ချက်။ အထက်တွင် ပါရှိသော ပုံများမှ အိန်ဂျယ်မမ များ ဝနေ ခြင်းမှာ ကင်မရာ၏ ချို့ယွင်းမှု ကြောင့်သာ ဝသယောင်ယောင် မြင်တွေ့နေရခြင်း ဖြစ်ပါကြောင်း။

Friday, October 17, 2008

နှောင်ကြိုး


ဆင်ခြင်ဥာဏ်နဲ့ဆန္ဒပဋိပက္ခအကြားမှာ လူတစ်ယောက်ဟာတစ်ခါလောက်တော့မှားခွင့်ရှိမယ်လို့ထင်ပါတယ်. ဒါဟာအမှားဆိုရင်တော့ ဘယ်လောက်ပဲ မှားပါစေတော့.. ကိုယ့်ချစ်သူဆီက ရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်ပုံစံပဲ ဖြစ်နေပါစေ ကိုယ်က အမြတ်တနိုး လက်ခံတတ်ရင် ပြီးတာပါပဲ ...
ချစ်မိသွားမယ်လို့ ဘယ်တုံးကမှမထင်မိဘူး ..ဘယ်အချိန်ကချစ်မိသွားတယ် ဆိုတာ မသိလိုက်မိဘူး. သိလိုက်တဲ့အချိန်မှာ နှောင်ကြိုး တွေက ချည်မိနေပြီ လေ ...
အချစ်ဟာ အသံမပေးပဲနဲ့ အရှိန်ပြင်းပြင်းဝင်လာလိုက်တာ လှမ်းပြီးတားဖို့ အချိန်တောင်မရလိုက်ပါဘူး နှလုံးသားထဲကို တိုက်ရိုက်ပါပဲ.....ဒါပေမယ့်လည်း တို့နှစ်ယောက်က အစကတည်းကမဆုံသင့်တဲ့သူတွေလေ . .. . ဘာကြောင့်လည်း ဆိုတော့.....

(win)

Thursday, October 2, 2008

2008 အာဆီယံမှာ ခြေစွမ်းပြမည့် မြန်မာကုမ္မာရီများ

ရှေးသီချင်းများတွင် မိန်းမပျိုတို့ကို ကုမ္မာရီပျိုမဒီများဟု တင်စားဖွဲ့ဆိုထားကြသည်။ ကုမ္မာရီအမျိုးသမီးတို့သည် နူးညံ့ကြသည်၊ သိမ်မွေ့ကြ သည်၊ ယဉ်ကျေးဖော်ရွေကြသည်၊ ခြေတလှမ်းလှမ်းသည်ကိုပင် ကုဋေတစ်သန်းထိုက်သည်ဟုတင်စားကြသည်။
ခေတ်တွေပြောင်းလဲလာသောအခါ မြန်မာကုမ္မာရီတို့သည် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတို့နှင့်ရင်ပေါင်တန်းကာ လူမှုအဖွဲ့ အစည်းတို့တွင်နေရာယူလာကြသည်။ နိုင်ငံတကာနှင့်ပင်ရင်ပေါင်တန်းကာ အမျိုးသမီးတို့၏ အစွမ်းအစကိုပြသခဲ့ကြသည်။
ယခုလည်း ကျွန်မတို့မြန်မာအမျိုးသမီးများသည် 2008 အာဆီယံချန်ပီယံပွဲတွင် ခြေစွမ်းပြရန် တာဆူနေလေပြီ။ 2007ချန်ပီယံသရဖူ ကိုဆက်လက်ထိန်းသိမ်းရန်အတွက် အသင့်ပြင်နေပြီ။
2008 ခုနှစ်အဆီယံဘောလုံးပွဲတွင် ချန်ပီယံဖြစ်မည့်မြန်မာကုမ္မာရီများကတော့ စန်းစန်းမော်၊ စန်းစန်းသိန်း၊ အေးနန္ဒာ၊ မိုင်နီလာထွေး၊ သန်းသန်းထွေး အစရှိတဲ့အားကစားသမားတွေနဲ့အတူ ကျွှန်မချစ်တဲ့ မေခင်ယမင်းတို့ပါပဲ။ သူတို့ခြေစွမ်းပြမယ့်ပွဲကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြပါစို့။
yin

Tuesday, September 23, 2008

နတ်သမီးတို့ ဆုံစည်းရာ

နတ်သား၊ နတ်သမီးတွေဟာ နတ်သဘင် အစည်းအဝေးမှာ ဆုံတတ် ကြတယ်လို့ ပုံပြင်တွေ ထဲမှာ ကြားဖူး ပါတယ်။

ငယ်ငယ်က အိပ်ရာထ နောက်ကျရင် နတ်သဘင် အစည်း အဝေး တက်တာ နောက်ကျရင် ကိုယ်စောင့် နတ်တွေ ကျိန်ဆဲလိမ့် မယ်လို့ လူကြီး တွေက ပြောကြတယ်။

ကျွန်မတို့ we-angelladies အဖွဲ့ ကတော့ နတ်သဘင် အစည်း အဝေး မရှိဘဲ ခေတ်မှီ တိုးတက်တဲ့ ရွှေမြို့တော်ကြီးရဲ့ အထင် ကရ တောင်ကုန်း တနေရာက ကောင်းကင်ဘုံမှာ တွေ့ဆုံပွဲလေး ကျင်းပ ဖြစ်သွားတယ်။

ဒီပွဲလေးရဲ့ စပွန်ဆာ ကတော့ Angel Win ပေါ့။ သူက မကြာခင် ကမှ မွေးနေ့ ပြီးသွားတာလေ။ ဒီပွဲကို အထူး ဖိတ်ကြားခြင်း ခံရသူ တွေကတော့ Angel အဖွဲ့ဝင် တွေဖြစ်တဲ့ Angel Nweni, Angel Yin နဲ့ အမကြီး မနီ (မေရှင်)၊ နတ်သား မဟုတ် ပေမယ့် နတ်သမီးတွေ ခင်မင်ရတဲ့ ကိုကျားလေး၊ ကိုသစ်ဆင်း တို့ပါဘဲ။ ပွဲစလျှင်စခြင်း ကိုကျားလေး တို့က ဘီယာတွေ မှာသောက် ပါတယ်။ အကင် တွေနဲ့ အမြည်း ကိုစောင့်ရင်း ဘီယာ ကုန်လို့ ထပ်ယူ ပြန်တယ်။ ဆိုးတယ်နော်...။ ပြီးတော့ ငါးကင်တွေ မှာစားကြ အကင်တွေ စားလိုက်ကြ ကြေးအိုးက လည်း မှာစားကြ သေးတယ်။ Angel Win ခင်မျာ မျက်လုံးလေး ကလယ် ကလယ်နဲ့..။ နတ်သမီး တွေကလည်း သွက်ပါ့ အကင် တွေလည်း ဝါးလိုက်တာ နတ်တန်ခိုးနဲ့ မန်းလိုက်တဲ့ အတိုင်းပဲ... သနားစရာ အကောင်း ဆုံးကတော့ ကိုသစ်ဆင်းပါ.. သူ့ခများ ဘာမှ မစားရဲရှာပဲ ရေပဲ သောက်နေရ ရှာတယ်..။ Bill ထွက်လာတော့ Angel Win ရုတ်တရက် ရှော့ခ်ရလိုက် သေးတယ်. ဒါပေမယ့် မကြာ ပါဘူး... Angel Nweni က ရေပန်း ဥယျာဉ်သွားမယ် ဟေ့ဆိုတာနဲ့ လန့်ဖျပ်ပြီး နှာနှပ်စရာ မလိုတော့ပဲ ငါလမ်း စရိတ် မခံဘူးဟေ့ ဆိုပြီး ထအော် ရှာတယ်။

နောက်ဆုံးတော့ ပွဲကို ၁၀ နာရီလောက်မှာ သိမ်းလိုက် ကြတယ်... ဘာပျော် သလဲ မမေးနဲ့ Angel Yin က ငြိမ်ငြိမ် လေးနဲ့ အကင် ၃ ပွဲ ဆွဲလိုက်ပါသတဲ့..........

Wednesday, September 17, 2008

ချစ်သူလက်ဆောင်

သင်သည် ချစ်တတ်သောနလုံးသားရှိသူဖြစ်လျှင် သင့်တွင်သင့်အားချစ်သော၊ သင်ကချစ်ရသော ချစ်သူ တစ်ယောက်ရှိပေလိမ့်မည်။
သင့်ချစ်သူကသင့်အား အမှတ်တရဖြစ်စေမည့် လက်ဆောင်များစွာပေးခဲ့ဖူးပေလိမ့်မည်။
ကျွန်မသည်လည်းချစ်သူကပေးသော အမှတ်တရလက်ဆောင်များ ရရှိခဲ့ ဖူးပါသည်။
ကျွန်မကလည်းချစ်သူအတွက် လက်ဆောင်များပေးခဲ့ဖူးပါသည်.....
ချစ်သူသည်သူ၏လက်ဆောင်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်စာတိုလေးများနှင့်အတူ ပေးတတ်သူဖြစ်ပါသည်။
ကျွန်မကပေးသော လက်ဆောင်များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားသုံးစွဲတတ်သော ချစ်သူသည် အခုတော့ကျွန်မအနားတွင်မရှိတော့ပါ.......
ကျွန်မအတွက် စိမ်းကားရက်စက်မှု လက်ဆောင်များ ကိုထားရစ်ကာ တိတ်တဆိတ် ပျောက်ဆုံး သွားပါသည်။
.........ကျွန်မကလည်း ချစ်သူအတွက်မဆုံးနိုင်သော ချစ်ခြင်း များစွာနှင့်အတူ လွမ်းဆွတ်သတိရမှုများကို လက်ဆောင်အဖြစ်ပေးလိုက်ချင်ပါသည်။ yin

Sunday, September 14, 2008

angellady မွေးနေ့ပါတီ
















Angelladies တစ်ဦးဖြစ်တဲ့ ကျမ angel win ရဲ့ မွေးနေ့ဟာ ပြီးခဲ့တဲ့ (၁၄.၉.၀၈)ရက်နေ့မှာ ကျရောက် သွားပါတယ်။ ကျန် angellady များနဲ့ သူငယ်ချင်းများကို စားလို့ရအောင် မွေးနေ့ ကိတ်ကို တစ်ခါတည်း ထည့်ပေးလိုက်ပါတယ်။ (မှတ်ချက်၊ စားပြီးမှ ပြန်ရမယ်နော်...။)
win

Friday, September 12, 2008

ချစ်နေခွင့်???

ငါ့နှလုံးသား မင်းထံပါးမှာ အပ်နှင်းထားရစ်ခဲ့ပြီ
ငါ့ဘဝ မြင့်မားဖို့ တည်ဆောက်နေချိန်
မင်းက ငါ့ရဲ့ဘေးနား ရှိနေခဲ့တယ်..
မင်းနဲ့လက်ချင်းချိတ်ကာ ပျော်ရွှင်ရယ်မောခဲ့ရတယ်..
ဝမ်းနည်းပူဆွေးခဲ့ရတယ်…

မျှော်လင့်ခြင်းနဲ့အိပ်မက်တွေ
ချစ်ခြင်းတရားနဲ့ စိုးရိမ်မှုတွေအကြောင်း
မင်းကိုငါ ဖွင့်ဟခဲ့တယ်…
မင်း ပုခုံးထက် သွန်းဖြိုးစီးဆင်းသွားတဲ့
ငါ့မျက်ရည်တွေနဲ့အတူပေါ့...

အဆုံးသတ်အဖြေကတော့
မင်းတစ်ယောက်သာ ငါ့အတွက်
ယုံကြည်အားကိုးရာပါလား..

မင်းကိုမြင်ရ အချိန်ခဏတွေမှာ
ရင်မှာကြည်နူးပီတိဖူးကာ
ပျော်ရွှင့်ချမ်းမြေ့ခဲ့ရတယ်…

တို့တွေ နှလုံးသားချင်း ဖလှယ်ကြတဲ့အခါ
လွတ်လပ်ပေါ့ပါးတဲ့ မင်းရဲ့သစ္စာစကားတွေကိုလည်း
ငါခံစားမိတယ်…

သူငယ်ချင်းပဲလို့ ဘယ်လိုပင် ပြောပေမယ့်
မင်းဟာ သက်မဲ့မဟုတ်တာ ရင်မှာသိနေတယ်
ချစ်ခြင်းတရားကို နှလုံးသားက နားလည်နေတယ်..

ငါနှလုံးသားရဲ့ အနက်ရှိုင်းဆုံးမှာ
မင်းက စိုးမိုးလို့ထားတယ်..
အဲဒီ မျှော်လင့်ချက်အကြောင်း
မင်းကို ရင်ဖွင့်ပြတဲ့အခါ
လိုချင်တာတစ်ခုအတွက် ဘယ်အခါမှ
အလွယ်တကူ မယုံမှားမိဖို့
မင်းက ငါ့ကို သွန်သင်တယ်..

ဒါပေမယ့်လည်းလေ……
ငါတို့တွေရဲ့ကြားမှာ
သူငယ်ချင်းဆိုတာက
စည်းခြားကာ ထားနေလေတော့
ငါ့ဘဝ အနာဂတ်ခရီးမှာ
မင်းကို ချစ်နေခွင့် ရှိဦးမလား!!!!!!



စာကြွင်း-(Can I Love You )ကဗျာလေးကို ဘလော့စာမျက်နှာပေါ်သို့ရောက်အောင် ကူညီဘာသာပြန်ပေးသော ကိုသစ်ဆင်း(http://thitsinn. blogspot.com) အားကျေးဇူးတင်ပါတယ်
(win)

Can I Love You

I gave my heart to you
I set my standards high
I laid my eyes on you,
I laughed and cried with you,
I told you my hopes and dreams,
my love and fears.
My tears I shed all over your shoulder.

In the end,
I came to see that you were the only guy I could ever trust.

When I see you,my face lights up with
aspiration,and happiness.

When we talk, I can feel the load unload
with soothing words from you.

I have the feeling of love in my heart.
In my mind, I say "you don't mean a thing."
In my words, I say "you are just a friend."

But in the deep end of my heart,
I think of only you.

When I tell you my expectations of a guy,
You tell me never to fall short of what I want.

But only one thing stands in the way
you are a friend.
Can I still love you the way that I do?

(win)

Tuesday, September 2, 2008

ဒဏ်ရာ


ကြည်နူးစရာကောင်းတဲ့ ချစ်သူစုံတွဲများကို တွေ့မြင်ရတဲ့ အခါမှာ တစ်ယောက်သူကို သတိရလိုက်မိ ပါတယ်
အချစ်နဲ့ပတ်သက်လာရင် ကျမ အတွက် အမှတ်ရစရာတွေ အများကြီးပါပဲ. အချစ်ပတ်သက်လာရင် အပျော်ဆုံး..ဘာနဲ့မှ မလဲနိုင်ဘူးလို့ မှတ်ထင်ထားမိတယ်...ဒါပေမယ့် ကျမအတွက်က အချစ်နဲ့အလွမ်းသည် တွဲလျက်ပါလာတဲ့အရာလား..
မေ့ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးပေမယ့် မေ့လိုက်ဖို့ အခြေအနေ ဖြစ်နေတယ်.. တချိန်ချိန်မှာ ဒီအခြေအနေ နဲ့တွေ့ရမယ်ဆိုတာ သိသိကြီးနဲ့ ချစ်ခဲ့မိတယ်..
ခံစားရပေမယ့် မဖြစ်နိုင်တော့တဲ့အရာတွေက စည်းခြားထားပြီလေ..အခုချိန်ထိတော့ ရင်ထဲမှာ ရှိနေဆဲပါ. ဘယ်အချိန်မှာမှ ပျက်ပြယ်သွားမယ်မသိပါ..
ကျမအတွက်ကတော့ အချစ်ဆိုတာ ပျော်စရာအချိန်တွေ နည်းပါးသလောက် အလွမ်းသင့်သော အချိန်တွေသာ များပြားခဲ့ရပါတယ်...
win

Sunday, August 31, 2008

သူငယ်ချင်းအတွက်


၁-၉-၂၀၀၈ ရက်နေ့တွင် ကျရောက်သော
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း
ကျားလေး(ကျော်ကျော်)၏ (၂၂)နှစ်မြောက်
မွေးနေ့မှ နောင်နှစ်ပေါင်းများစွာ
အောင်မြင်သော ဘဝခရီးကို
လျှောက်လှမ်းနိုင်ပြီး
အရာရာပြီးပြည့်စုံသော ဘဝကို
ပိုင်ဆိုင်နိုင်ပါစေ.......

(Angelladies)

Wednesday, August 27, 2008

ချစ်သူ့ကဗျာ

ူုဒီသီချင်းလေးကြားရင်
.............လွမ်းပါ
ဒီစာသားလေးမြင်ရင်
............သတိရပါ
ကမ္ဘာကြီးရဲ့
အသစ်အဆန်းများလည်း
စိတ်မ၀င်စားတော့
ရိုးအီမွဲပြာတဲ့
သင်ခန်းစာများလည်း
မလေ့ကျင့်လို့တော့
ကိုယ်အတွေးနဲ့ကိုယ်ရူးရင်း
......................မှ
ငါ့အချစ်တွေ့ပွင့်ခဲ့မိတယ်...

Tuesday, August 12, 2008

ကျွန်မရဲ့ ငှက်ကလေး


တမနက်ခင်းရဲ့ အာရုဏ်ဦးလေးမှာပါ.. အိပ်ခန်းရဲ့ ပြတင်းလေးကို ဖွင့်လိုက်တဲ့ အခါ ကျီကျီကျာကျာနဲ့ တေးဆိုနေတဲ့ ငှက်ကလေးကို တွေ့ခဲ့ရတယ်။ ပြောင်လက် နက်မှောင်နေတဲ့ အမွှေးအတောင်၊ ချွန်ထက်ထက်နှုတ်သီးကလေး၊ ရှည်လျားပြီး ထိပ်ဖျားမှာ ဗွီပုံစံ အမြီးခွလေးနဲ့ ညိုမှောင်မှောင် မျက်လုံးဝိုင်းဝိုင်း လေးတွေနဲ့ ငှက်ကလေးဟာ စတိုင်ကျကျ လှနေ လေရဲ့.......

ပြောရဦးမယ် ငှက်ကလေးရဲ့ တောင်ပံအနားစွန်းလေးတွေမှာလည်း အဖြူရောင် အရစ် ကလေးနဲ့ ဖက်ရှင်ထွင်ထားတဲ့ အတိုင်းပါပဲ။ ဘာရယ် မဟုတ်ဘဲ ကျွန်မ သူ့ကို အရမ်းချစ်သွားတယ်။ ငှက်ကလေးက ငှက်တော် အမျိုးအစားတဲ့.... ဟုတ်မှာပါလေ ကျွန်မ ချစ်တဲ့ငှက်ကလေးက သိပ်တော်တဲ့ ငှက်တော်လေး ဖြစ်မှာပါ။

ဒီလိုနဲ့ပဲ ကျွန်မရဲ့ မနက်ခင်းလေးတွေမှာ ငှက်ကလေးကို အစာကျွေးရင်းစောင့်ကြည့်ရတဲ့ အလုပ်တစ်ခု ပိုလာပါတယ်။ ငှက်ကလေး အသံကို နားစွင့်ရင်း၊ ငှက်ကလေးရဲ့ ရွစိရွစိ ဟိုခုန်ဒီခုန်၊ ဟိုကိုင်းကူး ဒီကိုင်းကူးနဲ့ လှုပ်ရှားဟန်လေးတွေကို ကြည့်ရ တာလည်း မရိုးနိုင်အောင်ပါပဲ။ မိုးတွေ အရမ်းရွာတဲ့ နေ့တွေမှာ ငှက်ကလေး ပေါ်မလာတော့ ကျွန်မ လွမ်းလိုက်ရတာ။ မိုးက သုံးလေးရက် ဆက်ရွာတော့ ငှက်ကလေးလည်း သုံးရက်လောက် ပျောက်နေတာပေါ့....

နောက်တော့မှ မနက်ခင်းရဲ့ နေရောင်ခြည်နဲ့အတူ ငှက်ကလေး ပေါ်လာတော့ တယ်။ ကျွန်မ မျှော်ရကျိုးနပ်ပြီပေါ့။ အချိန်တွေ ကြာလာတာနဲ့အမျှ အခြေ အနေ တွေပြောင်းလဲကုန်တာ ငှက်ကလေး သိရဲ့လား... အခုတော့ ငှက်ကလေးရှိတဲ့ အရပ်မှာ ကျွန်မ မရှိတော့တာ ငှက်ကလေးမှ သိပါလေစကွယ်.....

အလုပ်တာဝန်နဲ့ တာဝန်ကျတဲ့မြို့ကို ပြောင်းသွားတဲ့ ကျွန်မကို ငှက်ကလေး သတိ ပြုမိရဲ့လား။ မနက်တိုင်း ငှက်ကလေး သီချင်းဆိုနေကျ သစ်ပင်နားက အခန်းလေး မှာ ကျွန်မ ရှိမနေတာ ငှက်ကလေး သိမှာမဟုတ်ပါဘူး။ ဘာပဲ ဖြစ်ဖြစ် ငှက်ကလေးရေ ငှက်ကလေးကို ကျွန်မ အမြဲသတိရနေပါတယ်။ ကျွန်မ ရှိနေတဲ့ မြို့မှာ ငှက်ကလေးလို ငှက်မျိုးတွေ မရှိလေတော့ ငှက်ကလေးကိုပဲ အမြဲလွမ်းမိပါတယ်။ ကျွန်မချစ်တဲ့ ငှက်ကလေး ဘေးကင်းပါစေ။

Monday, August 11, 2008

အရှုံးများ

လူတို့သည် အတ္တကြီး၏။ အသာစံလို၍ အနာမခံချင်ကြပေ။ အနိုင်သာရလို အရှုံးကို ရင်မဆိုင်ချင်ပါ။ ပျော်ရွှင်ခြင်းများကိုသာ ယူဆောင်လို၍ ၀မ်းနည်း ခြင်းများကို ကျောခိုင်းချင်ကြသည်။ ကျွန်မသည်လည်း လူသားတစ်ဦးဖြစ်သည့်အတွက် အတ္တ ကိုအရောင်တင်လိုပါသည်။ အနိုင်ယူခြင်းကိုသာ မြတ်နိုး၍ ရှုံးနိမ့်မှုကို ကြောက်ရွံ့ သူဖြစ်ပါသည်။

သို့သော် ကံတရားသည် မျက်နှာလိုက်တတ်သည်။ ကံကောင်းခြင်း လက်ဆောင် များသည် ကျွန်မနှင့် အလွန်တိုက်ဆိုင်ခဲလှသည်။ ကံဆိုးခြင်း တရား ရှုံးနိမ့်မှု များသည်သာ ကျွန်မအတွက် စောင့်ဆိုင်း နေတတ်သည့်အတွက် ကျွန်မ မကြာ ခဏ ဆုံးရှုံးခဲ့ရသည်။ ကျွန်မ၏ အရှုံးများကို ကျွန်မ မုန်းတီးမိပါသည်။

ငယ်စဉ်ဘ၀မှစ၍ ယခုအချိန်အထိ ကျွန်မ၏ အရှုံးများကို တတ်နိုင်သလောက် မေ့ထားခဲ့ပါသည်။ ကျွန်မသည် ရယူလိုသူသာ ဖြစ်သည်။ သို့သော် ပေးဆပ်ရ သည်က များပါသည်။ ကျွန်မသည် အလိုကြီး အရနည်း ပုံပြင်ထဲကလို ဖြစ်နေ ပြီလား။ ရယူလိုစိတ် များလေလေ ပေးဆပ်ရလေလေဖြစ်နေပါသည်။ ထို့ကြောင့် ကျွန်မသည် အရှုံးများနှင့် ထပ်ရင်မဆိုင်ရအောင် ကျွန်မ၏ အလိုလောဘများကို အရှိန်သတ်ရပါမည်။ သူများဆီက မလိုချင်ပါမှ ကိုယ့်ဆီက မပါမှာဖြစ်သည့် အတွက် ကျွန်မ လိုအင်ဆန္ဒများကို ထိန်းချုပ်ထားရပါမည်။

yin

Thursday, July 31, 2008

မလွမ်းရဲသူ

အဖေရုံးသွားလည်း......မနေခဲ့ချင်သူ
အမေဈေးသွားလည်း....မကျန်ခဲ့ချင်သူ
သူငယ်ချင်းများနဲ့လည်း....သင်းမကွဲချင်သူ
အမြဲတမ်းမကျန်ခဲ့ချင်သူပါ.....
ချစ်ရတဲ့သူနဲ့တွေ့တော့လည်း ကျန်ခဲ့မှာကိုတွေးပြီး
ချစ်ဖို့မရဲခဲ့.....
သတ္တိနည်းတဲ့..
အချစ်နဲ့လွှဲခဲ့သူပါ....
တကယ်တော့ ..ကိုယ်ကအထီးကျန်မှာကြောက်တဲ့
မလွမ်းရဲတဲ့သူပါ။...........yin

ပြုံးပါ

လူမှု့ဆက်ဆံရေးနယ်ပယ်တွင် ပေါင်းကူးတံတားထိုးပေးနိုင်သည့်အလွယ်ကူအထိရောက်ဆုံး နည်းမှာပြုံးခြင်း ဖြစ်ပါတယ်၊
ပြုံးရခြင်းမှာ ခက်ခဲသော အလုပ်တစ်ခုမဟုတ်ပါ ၊ မျက်မှောင်ကုတ်ခြင်း၊ မဲ့ရွဲု့ခြင်း၊ ခပ်တည်တည်နေရခြင်း တို့လောက် မပင်ပန်းပါဘူး၊ ဒါကြောင့် လူချစ်လူခင်များခြင်း ဟူသောအကျိုးထူးကို အလွယ်တကူ ရယူလိုလျှင် စိတ်ပါလက်ပါ ပြူံးလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဖေမြင့်၏ ကိုယ့်ထူးကိုယ်ချွန်စာအုပ်မှထုတ်နှုတ်ထားပါသည်။ win

Tuesday, July 29, 2008

တန်ခိုးရှင်

ရင်ထဲပန်းများ ပွင့်လန်းစေသူ
စိတ်ရဲ့တံခါး ပွင့်သွားစေသူ
နှလုံးဟဒယ ရွှင်ပျစေသူ
အပြုံးများကို အသက်ဝင်စေသူ
အိပ်မက်ညများ ရှည်လျားစေသူ
အတွေးရိပ်များ ထင်ဟပ်စေသူ
ရင်ခုန်သံစည်းချက် သွက်လက်စေသူ
ရုပ်သွင်မြင်ရ ချမ်းမြစေသူ
သူ... သူ ...သူ ...
တန်ခိုးထက်မြက် မှော်လက်နက်နှင့်
မနက်ဖြန်တိုင်းကို ဖန်ဆင်းပါ........
တစ်ခုတော့ ပြောပါရစေ.....
သူဖန်ဆင်းထား နက်ဖြန်များမှာ
ကာလရှည်ကြာ ကိုယ်ပါဝင်ပါရစေ......

yin

Wednesday, July 23, 2008

ဝါဆိုမိုး

စံပယ်နံ့သင်းသင်း.....မြေတလင်းမှာ
ဝါဆိုပန်းတွေ.......ဝါဝါဝင်းနေခဲ့တယ်
နုညက်သန့်ရှင်း.......ပျိုယမင်းက
လဝန်းတန်ဆောင်......အလင်းရောင်နဲ့
တလင်းပြောင်ထက်.....ပန်းခူးထွက်ခဲ့တယ်
ပြောရင်းဆိုရင်း.....ဒေဝါမင်းက
မိုးစက်ခြွေချ.......ရွာကာကျတော့
ယမင်းနှမ......ယဉ်စစကို
ဝါဆိုမိုးစက်....ခခဲ့တယ်။

Tuesday, July 22, 2008

ပျော်စရာကောင်းတဲ့ဘောလုံးပွဲ

လွန်ခဲ့တဲ့(၂)ရက်လောက်ကကန်သွားခဲ့တဲ့ ဝန်ကြီးဌာန ပေါင်းစုံဘောလုံးပွဲလေးအကြောင်းပါ။
ကျွန်မတို့ဌာန နဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ယှဉ်ပြိုင်တဲ့ပွဲလေးပေါ့။
အားပေးဖို့ကျွန်မတို့ကစားကွင်းကိုရောက်သွားတော့ တဖက်ပွဲကြည့်စင်မှာလည်းယဉ်ကျေးမှုကပရိတ်သတ် တွေကပြည့်လို့။ အားပေးတဲ့သူတွေထဲမှာ ကိုကိုတွေ ထက် မမတွေကပိုများနေသလိုပဲ။
နှစ်ဖက်အားကစားသမားတွေကလည်းကွင်းထဲမှာ လေ့ကျင့်ရင်းနဲ့ဟန်ရေးတပြပြပေါ့။
ဘောလုံးပွဲစစချင်းပဲ နှစ်ဖက်အားကစားသမား တွေကအကြိတ်အနယ် ကန်ကျောက်ကြပါတယ်။(ဘောလုံးကိုပါ)
နှစ်ဖက်ပရိတ်သတ်ကလည်းသောင်းသောင်းဖြဖြ အားပေးလိုက်တာ ပွဲကြည့်စင်ကြီးပြိုကျမတတ်ပါပဲ။
သူတို့ဘက်က အားပေးလိုက်ကြတာလည်း ကြောက် ခမန်းလိလိပါပဲ။သိပ်ပျော်စရာကောင်းတာပဲ။
သူတို့ကကျွန်မတို့ကို အလုပ်သမားလိုရင်ငှားမယ်။ သိပ်မကြိုးစားပါနဲ့လို့၊ လှောင်ကြတယ်။ ကျွန်မတို့ကသူတို့ဘောလုံးသမားတွေကို ဇာတ်မင်းသားတွေ ခြေခေါက်လဲမယ်၊ သိပ်မပြေးကြနဲ့ လို့ပြောင်ကြတယ်။ သူတို့ကသူတို့အသင်းကိုဓါတ်စက်ကြီးဖွင့်ပြီးအားပေးကြတယ်။ ကျွန်မတို့ကကျွန်မတို့အသင်းကိုဒိုးပတ်ဝိုင်းငှားပြီး အသံတွေကွဲအက်သွားအောင်အော်ဟစ် အားပေးခဲ့ကြတယ်။ အားပေးရကြိုးနပ်ပါတယ်။ ယဉ်ကျေးမှုကို 6-2နဲ့နိုင်ခဲ့တာ ကျွန်မတို့ရဲ့ Ministry of .........ပါ........ yin

မိုးကကြိုး

တိမ်ညိုတွေသုတ်ကနဲလွှင့်လာတဲ့အခါ
လေပြည်ကတေးဆိုလိုက်တယ်......
လေညှင်းက...ညင်သာသာနဲ့တမ်းတရုံရှိသေး
မြသစ်ရွက်တို့က.... ကနွဲ့ကလျနဲ့ကခုန်
အာကာတခွင်ကသံစုံတီး၊ အဖြူရောင်မိုးမင်းသမီးလေးပြေးထွက်၊
ကကြိုးညက်ညက်နဲ့........
လျှပ်ပန်းတွေနဲ့ပစ်ပေါက်ဆော့ကစား
အို......အသဲယားစရာပါလားကွယ်။
ဟာ....တိမ်ညိုတွေ ပိုမည်း၊
ငိုပွဲဆင်လို့ပါလား.........yin

Friday, July 18, 2008

ဆယ့်ကိုးဇူလိုင် မမေ့နိုင်

ဒီနေ့duty ဆိုတော့ ဟိုတွေး ဒီတွေးနဲ့ပေါ့၊ အားလုံးလည်း ပြန်သွားကြပြီ၊
မိုးလေးတစ်ဖွဲဖွဲရွာနေတယ် ၊ဘာလိုလိုနဲ့ မနက်ဖြန် ဆိုရင် ဇူလိုင်လ(၁၉)ရက်နေ့ပါ၊
မိုးလေးတစ်ဖွဲဖွဲရွာ နေတုန်းမှာ ရက်စက်စွာ လုပ်ကြံ ခြင်းကိုခံရသော အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရလိုက်မိပါတယ် ၊ နှစ်ပေါင်း (၆၁) ကြာ သွား သော်လည်း နိုင်ငံနဲ့ လူမျိုး အတွက်အသက်စွန့်သွားတဲ့ အာဇာနည် ခေါင်းဆောင် များကို ခုထိ မမေ့နိုင်သေးပါ မေ့နိုင်စရာ အကြောင်းလည်း မရှိပါ ၊
ထို့ကြောင့် ၂၀၀၈ ခုနှစ်ဇူလိုင်လ(၁၉)ရက်နေ့အား ဝမ်းနည်းခြင်း၊ တမ်းတခြင်း၊ လွမ်းဆွတ်သတိရခြင်း
များစွာဖြင့် ကျဆုံးလေပြီးသောကျေးဇူးရှင်အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာဖြင့် အလေးပြုလျှက် ........ (win)

Monday, July 14, 2008

အစစ်နဲ့အတု

အစစ်ဆိုတဲ့စကားဟာစစ်မှန်တဲ့သဘော၊ မှန်ကန်တဲ့အဓိပ္ပါယ်ကို သက်ရောက်ပါတယ်။ တနည်းအားဖြင့်အမှန်တရားပေါ့နော်။
အတုဆိုတာစစ်မှန်ခြင်းနဲ့လုံးဝဆန့်ကျင်တဲ့သဘာဝပါ။ စစ်မှန်ခြင်းကိုတုပပြိုင်ဆိုင်တဲ့သဘောပေါ့။ အမှန်တကယ်မဟုတ်ပဲ၊ အမှန်သဘောဆောင်တဲ့အပေါ်ယံဟန်ဆောင်မှုသက်သက်စကားလုံးပါ။
မိတ်ဆွေ..သင်ချစ်သော၊ သင်မြတ်နိုးခင်မင်သူများအပေါ်မှာစစ်မှန်မှုတွေပေးချင်မှာပါ။
ကျွန်မဆိုရင်တော့ ချစ်တဲ့သူတွေ၊ ခင်မင်တဲ့သူတွေကို စစ်မှန်တဲ့ခင်မင်မှုတွေ၊မေတ္တာတွေ၊ စေတနာတွေကိုပဲပေးချင်ပါတယ်။ တကယ်လည်းအစစ်အမှန်တွေကိုပေးခဲ့ပါတယ်။ ဒါပေမယ့်ကျွန်မရဲ့စစ်မှန်တဲ့ခင်မင်မှုတွေကသူတို့အတွက်တန်ဖိုးမရှိခဲ့ပါဘူး။ ကျွန်မရဲ့စစ်မှန်တဲ့စေတနာတွေကသူတို့အတွက်ဆေးခါးတစ်ခွက် ဖြစ်ခဲ့ဟန်တူပါတယ်။ ကျွန်မရဲ့ စစ်မှန်တဲ့ခင်မင်မှုတွေက တခြားသူတွေရဲ့ ဟန်ဆောင်တုပမှုတွေလောက်အသုံးမဝင်လှပါဘူး။ တခါတရံခင်မင်သူတွေအတွက်ဟန်ဆောင်မှုတွေပဲ ပေးရင်ကောင်းမလားလို့တွေးမိတယ်။(သူတို့နဲ့အဆင်ပြေချင်လို့ပါ)ကျွန်မလေ အတုနဲ့အစစ်ကြားမှာဗျာများခဲ့ပါတယ်။ဒါပေမယ့် ကျွန်မချစ်တဲ့သူတွေအတွက်ဆေးခါးတစ်ခွက်ပဲဖြစ်ခဲ့ပါတယ်။ကျွန်မက အမှန်ကိုမြတ်နိုးသူလေ..........yin

Wednesday, July 9, 2008

ညီမျှခြင်း

လူတစ်ယောက်ရဲ့အချစ်ကိုလိုချင်ရင်
ကိုယ့်ဆီကအချစ်နဲ့လဲမှရတယ်
အဲဒီလိုဘဲ...
သူ့ရဲ့ကြေကွဲမှု့ကိုမြင်ချင်ရင်
ကိုယ့်မှာမျှဝေခံစားတတ်တဲ့
နှလုံးသားရှိမှမြင်မှာပါ...
(win)

Monday, July 7, 2008

ပင်လယ်ဖြစ်ချင်သူ

ချစ်သူတွေအတွက် ပင်လယ်တစ်စင်း ဖြစ်ချင်ပါတယ်၊ ကျွန်မ ဖတ်ဖူးတဲ့ ဂျူးရဲ့ဝတ္ထုတွေထဲမှာ ပင်လယ်နှင့် တူသောမိန်းမများ ဝတ္ထုကို အရမ်းနှစ်သက်မိပါတယ်၊ စာရေးဆရာမ ဂျူးဟာ မိန်းမသားတွေဘက်က ခံစားပြီး ရေးတတ်တဲ့ မဟာဣတ္ထိယဝါဒီ တစ်ယောက်ပါ။ ကျွန်မသူ့အရေးအသားတွေအရမ်းကြိုက်တယ်။ ရဲရဲတွေးပြီး၊ ရဲရဲရေးတတ်တဲ့ ဆရာမရဲ့အတွေးအခေါ်ထက်မြက်မှု ကိုအားကျမိပါတယ်။
ပင်လယ်နှင့်တူသော မိန်းမများဝတ္ထုထဲမှ ဇာတ်ဆောင်အမျိုးသမီး ငွေအိမ်စံက"မိန်းမတွေဟာ သူတို့ချစ်တဲ့သူတွေအတွက် ပင်လယ်တစ်ခုဖြစ်ခဲ့ပါသတဲ့။
ကျွန်မလည်း ကျွန်မချစ်တဲ့သူတွေအတွက် ပင်လယ်တစ်ခုဖြစ်ချင်ခဲ့ပါတယ်။ ကျွန်မဘဝမှာ အခုအချိန်အထိ ကျွန်မကချစ်ရတဲ့ အမျိုးသားသုံးယောက်ရှိခဲ့ပါတယ်။ ( ရိုးရိုးပဲတွေးပေးပါနော်) တစ်ယောက်က ကျွန်မရဲ့ ကျေးဇူးရှင် ဖေဖေပါ။ ဖေဖေကျွန်မကိုချစ်ပေမယ့် အလိုမလိုက်ခဲ့ပါဘူး။ သူ့စိတ် အလိုမကျတိုင်း မဲစရာ၊ နိုင်စရာသတ္တဝါလိုဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကဖေဖေ့ကိုသိပ်ချစ်ခဲ့ပါတယ်။ ကျွန်မကပင်လယ်တစ်ခုဆိုရင် ဖေဖေက ရေစီးသန်ပြီးဒေါသထန်တဲ့ မြစ်တစ်စင်းပေါ့။ နောက်တစ်ယောက်က ကျွန်မရဲ့ချစ်လှစွာသော တူကလေးပါ။ တူကလေးက အခုဆိုအသက်(၁၅)နှစ်၊ ကိုးတန်းကျောင်းသားပါ။ မျက်စိရှေ့မှာပဲကြီးပြင်းခဲ့တဲ့ တူကလေးကိုကျွန်မ အရမ်းချစ်ခဲ့ပါတယ်။ ဒါပေမယ့်သူ့ရဲ့ မနာခံမှု၊ အလိုမကျမှု၊ ကျွန်မရဲ့စေတနာတွေအပေါ် လျစ်လျူရှုမှုတွေခံစားရတဲ့အခါမှာ ကျွန်မအသဲနာလှပါတယ်။ တူကလေးက
မြစ်တစ်စင်း ဖြစ်ခဲ့မယ်ဆိုရင် အေးခဲတင်းမာတဲ့ ရေခဲမြစ်တစ်စင်း ဖြစ်ခဲ့မယ်ထင်ပါတယ်။ နောက်တစ်ယောက်ကတော့ လျှို့ ဝှက်ချက်ပါ။ သူဟာလည်း ကျွန်မအတွက် မြစ်တစ်စင်းဖြစ်ခဲ့မယ် ဆိုရင် အေးချမ်းငြိမ့်ညောင်းပြီး ရေစီးညင်သာ တဲ့ မြစ်တစ်စင်းဖြစ်စေချင်မိပါတယ်...........yin

သူငယ်ချင်းတွေပြောတဲ့အချစ်

ပထမတစ်ယောက်က ပေါင်ချိန်ရဲ့ညီပေါင်ညိန်-ပိန်ညောင် "ကျားလေး "ပါ၊သူကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ပေးဆပ်နေရတာကိုဘဲ ကျေနပ်နေတဲ့သူပါတဲ့ ၊
ဒုတိယတစ်ယောက်က သူကိုယ့်သူတော့ အသားညိုစိမ့် လိမ်ကျအောင်လှတယ်လို့ အမြဲပြောတတ်တဲ့ မမဲလို့ခေါ်တဲ့ "မမင်း" ပေါ့ ၊ သူကအချစ်ဆိုတာနားလည်မှု့တဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု့ရှိမှ အချစ်ဆိုတာတည်မြဲမယ်လို့ခံယူထားသူပါတဲ့
တတိယတစ်ယောက်က ကျားလေးက မေရှင်လို့ အမည်ပေးခံရတဲ့ ကတုန်ကရင်အသံပိုင်ရှင်" နီနီ" ပါ၊ အချစ်ဆိုတာ အနေနီးစပ်မှု့ကြောင့်လည်းဖြစ်သွားနိုင်တယ် လို့ဆိုပါတယ်
နောက်ဆုံးတစ်ယောက်က အားလုံးက ဖက်တီးလို့ခေါ်တဲ့ eatting နဲ့ sleeping ကျွမ်းကျင်သူ "ဝင်းဝင်း" လို့ခေါ်တဲ့ ကျွန်မကတော့ အချစ်ဆိုတာဦးနှောက်နဲ့ဆုံးဖြတ်သင့်တယ်လို့ထင်ပါတယ် ၊ ဦးနှောက်က ဆုံးဖြတ်ပေးလိုက်တဲ့ အချစ်ဟာ နှလုံးသားနဲ့ဆုံးဖြတ်တဲ့အချစ်လောက် နူးညံ့ပြီးကဗျာမဆန်ပေမယ့် တည်တံ့ ခိုင်မြဲမှုကတော့ ထာဝရပါ လို့ထင်ပါတယ်........( win )

Sunday, July 6, 2008

စကားပုံများ

ကောင်းသန့်စာအုပ် ဖတ်မိရင်း ကြိုက်နှစ်သက်မိသော စကားပုံတစ်ချို့ကို ဖော်ပြလိုက် ပါတယ် . . .

Content is better than riches.
ရောင်ရဲခြင်းသည် “ငွေ” ချမ်းသာခြင်းထက် ပိုကောင်းသည်။

ံHonesty is the best policy.
ရိုးဖြောင့်ခြင်းသည် အကောင်းဆုံးလမ်းစဉ်ဖြစ်သည်။

I am the master of my fate.
မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီး၏။

Life is struggle, not poem.
ဘ၀သည် ရုန်းကန်ခြင်းဖြစ်သည်။ ကဗျာမဟုတ်။

Learn not and know not.
မလေ့လာလျှင် မသိ။

Good to begin well, better to end well.
အစကောင်းမှ အနှောင်းသေချာ။

Do all the good you can.
ကောင်းတာမှန်သမျှ သင်တတ်နိုင်သလောက် လုပ်ပါ။

Variety is the spice of Life.
ခံစားမှုများသည် ဘ၀၏ အရသာပင်ဖြစ်သည်။

Work is a duty, an honour and an enjoyment.
အလုပ်သည် တာဝန်လည်းဖြစ်၊ ဂုဏ်ယူစရာလည်းဖြစ်၊ ပျော်ရွှင်စရာလည်း ဖြစ်ပါတယ်။

win

Thursday, July 3, 2008

သူငယ်ချင်း သို့ -------------

သူငယ်ချင်း ကောင်းဆိုတာ


ဝမ်းနည်းစရာရှိရင် ဖြေသိမ့်ပေးမယ်

အခက်ခဲရှိရင် အကူအညီပေးမယ်
သူငယ်ချင်း ကောင်းဆိုတာ
ဆိုးတူကောင်းဘက် တိုင်ပင်ဖော်တိုင်ပင်ဘက်ပါ

Wednesday, July 2, 2008

စိတ်ဆိုးခြင်း

စိတ်ဆိုးတယ်ဆိုတာတကယ်တော့မကောင်းပါဘူး။ ကိုယ့်ရဲ့အလိုမကျမှုတွေ၊ မကျေနပ်ချက်တွေ၊ လိုအင်ဆန္ဒမပြည့်ဝတာတွေကိုမထိန်းချုပ်နိုင်ပဲ၊ ဒေါသအသွင်ပြောင်းပြီးတစ်ယောက်အပေါ်မှာပေါက်ကွဲတာပေါ့နော်။ စိတ်ဆိုးတယ်ဆိုတာ စိတ်ဆိုးခံရတဲ့သူကိုစိတ်မချမ်းမသာဖြစ်စေရုံမကပဲ စိတ်ဆိုးသူကိုယ်တိုင်ကိုလည်း ပူလောင်စေပါတယ်။ ဒါကြောင့်....ကိုယ်တို့ရဲ့စိတ်ကလေးတွေကို မဆိုးအောင်၊ လိမ္မာအောင်ထိန်းရမှာပေါ့နော်........

Monday, June 30, 2008

ပတ်ဝန်းကျင်ကောင်း

ပတ်ဝန်းကျင် ကောင်းလေး တစ်ခုကို အကြောင်း ပြုပြီး လူတွေ အတော် များများဟာ ကောင်းသွား ကြတယ်။ ကောင်းပြီးသား လူတွေဟာလည်း ကောင်းသထက် ကောင်းသွား ကြတယ်။ လူတွေ အများကြီး ကောင်းသွား အောင် စွမ်းဆောင် ပေးနိုင်တဲ့ ပတ်ဝန်းကျင် ကောင်းကို ဘယ်သူက ဖန်ဆင်း ပေးသွားတာလဲ ... ... ...

Win

Thursday, June 26, 2008

နင်နဲ့ငါ
မဆုံနိုင်သောစည်း
ူခြားထားသော်လည်း
တိုက်ဆိုင်မှု့ ရှိတိုင်း
သတိရမှု့ဟာ-အခုချိန်ထိပါ
(win)

Thursday, June 12, 2008

ဘ၀ရဲ့အဓိကလိုအပ်ချက်

ဘ၀မှာ ဘာလိုအပ်သလဲ ဘာလိုချင်သလဲဆိုတာ ကိုယ်တိုင်သိဖို့လိုပါတယ်၊ ငွေလား ၊အတတ်ပညာလား၊ ကျော်ကြားမှုဂုဏ်သတင်းလား၊စိတ်ချမ်းသာမှုလား။
တခြားအရာတွေထက် စိတ်ချမ်းသာမှုကပိုပြီး လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က ဂုဏ်တွေ၊ ငွေတွေ၊ ကျော်ကြားမှုတွေ မရှိပဲစိတ်ချမ်းသာမှု တစ်ခုတည်းနဲ့ ဘဝမှာပျော်ပျော်ကြီးနေထိုင်သွားလို့ရပေမယ့် စိတ်ချမ်းသာမှုမရှိပဲ လောကစည်းစိမ်တွေဘယ် လောက်ပဲရှိရှိ တခဏလေးတောင် ပျော်နိုင်မယ်မထင်ပါဘူး။

Wednesday, June 11, 2008

THANK


blog လုပ်ပေးခဲ့တဲ့ သူငယ်ချင်း ကျားလေး ကျေးဇူးတင်ပါတယ်

ရွေးချယ်မှု့

လူ့ဘ၀မှာ ရွေးချယ်မှု အများကြီးကို ရင်ဆိုင်ကြရတယ်။ အဲဒီလိုအခါမျိုးမှာ မှန်ကန်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် လိုတယ်။ ဘယ်သူမှတော့ မမှားချင်ကြဘူး။ ဒီတော့ ဘ၀မှာ ကိုယ် ဘာကို တန်ဖိုး အထားဆုံးလဲ၊ ဘာကို အဆုံးရှုံး မခံနိုင်ဘူးလဲ သိဖို့လိုတယ်။ ကိုယ် အဆုံးရှုံး မခံနိုင်တဲ့ အခွင့် အရေး တစ်ခုကို ဆုပ်ကိုင်နိုင်ဖို့ လိုတယ်။ တစ်ခုကို ရွေးချယ်ခဲ့ ပြီးရင်လဲ နောက်တစ်ခုကို စိတ်တိမ်းညွတ် မနေဖို့ အရေးကြီးတယ်။ တကယ်လို့သာ အဲဒီလို ဖြစ်နေခဲ့ရင် ဘ၀မှာ နေလို့ပျော်မှာ မဟုတ် တော့ဘူး။ ဒါကြောင့် တစ်ခုကို ရနိုင်တဲ့ အချိန်မှာ မယူခဲ့ရင် နောက်တစ်ခါ ရတဲ့အချိန်မှာ ဒါကို မယူသင့်တော့ဘူး သူငယ်ချင်း . . .
မှန်ကန်တဲ့ ရွေးချယ်မှုကို ဆုပ်ကိုင်နိုင်ပါစေ . . .
.(win)

Friday, May 30, 2008

မိတ်ဆက်စကား

သူငယ်ချင်း(၃)ယောက်စုပြီး လုပ်ထားတာပါ၊ အစဉ်မပြေ တာလေးများရှိရင် မှတ်ချက် လေးတွေ ရေးထား ပေးခဲ့ပါ။ ပေးခဲ့တဲ့ မှတ်ချက်လေးတွေက ဝေဖန်မှုတွေ ကိုကြည့်ပြီး ပြင်ဆင်စရာ လေးတွေကို ပြင်ဆင် သွားမှာပါ၊ နောက်ပြီး နည်းလမ်း လေးတွေ ကိုလည်း ပေးခဲ့စေလို ပါတယ်ရှင်။ ဆက်သွယ်ရန် လိပ်စာ လေးတွေကို ဖော်ပြပေးထား ပါတယ်။ အားလုံးကို ခင်မင်လျက် . . .