Thursday, October 2, 2008

2008 အာဆီယံမှာ ခြေစွမ်းပြမည့် မြန်မာကုမ္မာရီများ

ရှေးသီချင်းများတွင် မိန်းမပျိုတို့ကို ကုမ္မာရီပျိုမဒီများဟု တင်စားဖွဲ့ဆိုထားကြသည်။ ကုမ္မာရီအမျိုးသမီးတို့သည် နူးညံ့ကြသည်၊ သိမ်မွေ့ကြ သည်၊ ယဉ်ကျေးဖော်ရွေကြသည်၊ ခြေတလှမ်းလှမ်းသည်ကိုပင် ကုဋေတစ်သန်းထိုက်သည်ဟုတင်စားကြသည်။
ခေတ်တွေပြောင်းလဲလာသောအခါ မြန်မာကုမ္မာရီတို့သည် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတို့နှင့်ရင်ပေါင်တန်းကာ လူမှုအဖွဲ့ အစည်းတို့တွင်နေရာယူလာကြသည်။ နိုင်ငံတကာနှင့်ပင်ရင်ပေါင်တန်းကာ အမျိုးသမီးတို့၏ အစွမ်းအစကိုပြသခဲ့ကြသည်။
ယခုလည်း ကျွန်မတို့မြန်မာအမျိုးသမီးများသည် 2008 အာဆီယံချန်ပီယံပွဲတွင် ခြေစွမ်းပြရန် တာဆူနေလေပြီ။ 2007ချန်ပီယံသရဖူ ကိုဆက်လက်ထိန်းသိမ်းရန်အတွက် အသင့်ပြင်နေပြီ။
2008 ခုနှစ်အဆီယံဘောလုံးပွဲတွင် ချန်ပီယံဖြစ်မည့်မြန်မာကုမ္မာရီများကတော့ စန်းစန်းမော်၊ စန်းစန်းသိန်း၊ အေးနန္ဒာ၊ မိုင်နီလာထွေး၊ သန်းသန်းထွေး အစရှိတဲ့အားကစားသမားတွေနဲ့အတူ ကျွှန်မချစ်တဲ့ မေခင်ယမင်းတို့ပါပဲ။ သူတို့ခြေစွမ်းပြမယ့်ပွဲကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြပါစို့။
yin

1 comment:

ဇင်ယော် said...

အဟဲ အိန်ဂျယ်တွေရော ၀င်မကန်ကြဘူးလားဗျ။ မြန်မာ့ အားကစား အာဆီယံမှာ လွှမ်းနိုင်အောင် ( ထင်တာပဲ ) ၀င်ကန်ကြပါလား။ လာပွားသွားတယ်ဗျို.။