Thursday, July 31, 2008

မလွမ်းရဲသူ

အဖေရုံးသွားလည်း......မနေခဲ့ချင်သူ
အမေဈေးသွားလည်း....မကျန်ခဲ့ချင်သူ
သူငယ်ချင်းများနဲ့လည်း....သင်းမကွဲချင်သူ
အမြဲတမ်းမကျန်ခဲ့ချင်သူပါ.....
ချစ်ရတဲ့သူနဲ့တွေ့တော့လည်း ကျန်ခဲ့မှာကိုတွေးပြီး
ချစ်ဖို့မရဲခဲ့.....
သတ္တိနည်းတဲ့..
အချစ်နဲ့လွှဲခဲ့သူပါ....
တကယ်တော့ ..ကိုယ်ကအထီးကျန်မှာကြောက်တဲ့
မလွမ်းရဲတဲ့သူပါ။...........yin

3 comments:

~P~ said...

စာသားလေးက..မှန်လိုက်လေ :)

Welcome said...

အစ်မ--ရင်
ရင်ကိုရိုက်ခတ်သွားတဲ့ စာသားလေးတွေပါ။
ဒီအတိုင်းတော့ မနေပါနဲ့နော်..
ခင်လျက်
ဝင်းဇော်

hanthu said...

မင်းကဗျာပြီးတဲ့ အချိန်မှာ
ပြန်ငယ်သွားသလိုခံစားရတယ်
ဆယ်နှစ်မကပါ
ကျေးဇူးတင်ပါတယ် သယ်ရှုး
ဒီညတော့ အိပ်ပျော်မှာတောင်မဟုတ်တော့ဘူး