Saturday, November 15, 2008

ခွဲခဲ့ရသော်

ကာလများစွာ နှောင်တည်ခဲ့ရတဲ့ သံယောဇဉ်တွေ ချစ်ခဲ့ကြတာပါ
ပျော်ရွှင်နေပျော်တဲ့ဘဝမျိုးကို မောင့်ကိုပိုင်ဆိုင်စေချင်တယ် ၊ အနာဂတ်တွေနဲ့ တက်ကြွထက်မြက်နေတဲ့ လူတစ်ယောက်လည်း ဖြစ်စေချင်တယ်လေ. မောင့်အတွက်နောက်ဆုံးလုပ်ပေးစရာ ကျန်နေသေးတယ်ဆိုရင်တောင် ဖြည့်ဆည်းပေးချင်ပါသေးတယ်..
ကျမတို့နှစ်ယောက်က အခုခဏတာလေးခွဲနေရတာပါ . မမျှော်လင့်တဲ့ခဏတာခွဲခွာမှု့က တို့နှစ်ယောက်ကို စည်းအထပ်ထပ် ခြားနေတယ်လို့ ခံစားနေရရင် တကယ်လို့များ ထာဝရခွဲခဲ့ရသော်...ကျမလေ ရူးသွားနိုင်တယ်

(win)

(ဒီနေ့ သူများတွေနားရက်မှာ ကျမမှာတော့ ဂျူတီကြတယ်လေ ၊ပျင်းဖို့လည်းကောင်းတယ်၊ ပိတ်ရက်မှာဂျူတီချတဲ့လူကြီးကိုလည်း မုန်းမိတယ် ၊ အွန်လိုင်းပေါ်မှာလည်းဘယ်သူမှ မရှိ ၊နောကိဆုံးမှာတော့ ချစ်ရတဲ့ မောင့်ကို သတိရရင်း ရေးဖြစ်သွားတာပါ)

2 comments:

Anonymous said...

ကိုယ်ချစ်တဲ့လူ ကောင်းစေချင်တဲ့ အစ်မရဲ့စိတ်ကို ချီးကျူးမိပါတယ်ဗျာ.။ ဘယ်လိုလဲ အစ်မ ဖြစ်စေချင် သလို သူဘက်ကရော လိုက်လျော ပေးခဲ့လား.။

အစ်မ ဘဝက ကိန္နရီ ကိန္နယာ နဲ့ ခက်ဆင်ဆင်ပဲ.။ အတု ခိုးထားတာလား.။ အစ်မ ခံစားနေရမယ် ထင်လို့ နောက်လိုက်တာနော်. စိတ်မဆိုးနဲ့.။

အဆင်ပြေပါ့စေဗျာ...

Welcome said...

ညဂျူတီကျရင် အတွေးကောင်းကောင်းနဲ့ မို့ စာကောင်း၊ ကဗျာကောင်းတွေ ထွက်တယ်နော်။ ခဏတဖြုတ်ခွဲခွာခြင်းပဲ ဖြစ်ပါစေ
ထာဝရ ခွဲခွာခြင်းတော့ မဖြစ်စေချင်ပါဘူး
အားပေးလျက်ပါ
http://winzaw-mdy.blogspot.com