Tuesday, September 23, 2008

နတ်သမီးတို့ ဆုံစည်းရာ

နတ်သား၊ နတ်သမီးတွေဟာ နတ်သဘင် အစည်းအဝေးမှာ ဆုံတတ် ကြတယ်လို့ ပုံပြင်တွေ ထဲမှာ ကြားဖူး ပါတယ်။

ငယ်ငယ်က အိပ်ရာထ နောက်ကျရင် နတ်သဘင် အစည်း အဝေး တက်တာ နောက်ကျရင် ကိုယ်စောင့် နတ်တွေ ကျိန်ဆဲလိမ့် မယ်လို့ လူကြီး တွေက ပြောကြတယ်။

ကျွန်မတို့ we-angelladies အဖွဲ့ ကတော့ နတ်သဘင် အစည်း အဝေး မရှိဘဲ ခေတ်မှီ တိုးတက်တဲ့ ရွှေမြို့တော်ကြီးရဲ့ အထင် ကရ တောင်ကုန်း တနေရာက ကောင်းကင်ဘုံမှာ တွေ့ဆုံပွဲလေး ကျင်းပ ဖြစ်သွားတယ်။

ဒီပွဲလေးရဲ့ စပွန်ဆာ ကတော့ Angel Win ပေါ့။ သူက မကြာခင် ကမှ မွေးနေ့ ပြီးသွားတာလေ။ ဒီပွဲကို အထူး ဖိတ်ကြားခြင်း ခံရသူ တွေကတော့ Angel အဖွဲ့ဝင် တွေဖြစ်တဲ့ Angel Nweni, Angel Yin နဲ့ အမကြီး မနီ (မေရှင်)၊ နတ်သား မဟုတ် ပေမယ့် နတ်သမီးတွေ ခင်မင်ရတဲ့ ကိုကျားလေး၊ ကိုသစ်ဆင်း တို့ပါဘဲ။ ပွဲစလျှင်စခြင်း ကိုကျားလေး တို့က ဘီယာတွေ မှာသောက် ပါတယ်။ အကင် တွေနဲ့ အမြည်း ကိုစောင့်ရင်း ဘီယာ ကုန်လို့ ထပ်ယူ ပြန်တယ်။ ဆိုးတယ်နော်...။ ပြီးတော့ ငါးကင်တွေ မှာစားကြ အကင်တွေ စားလိုက်ကြ ကြေးအိုးက လည်း မှာစားကြ သေးတယ်။ Angel Win ခင်မျာ မျက်လုံးလေး ကလယ် ကလယ်နဲ့..။ နတ်သမီး တွေကလည်း သွက်ပါ့ အကင် တွေလည်း ဝါးလိုက်တာ နတ်တန်ခိုးနဲ့ မန်းလိုက်တဲ့ အတိုင်းပဲ... သနားစရာ အကောင်း ဆုံးကတော့ ကိုသစ်ဆင်းပါ.. သူ့ခများ ဘာမှ မစားရဲရှာပဲ ရေပဲ သောက်နေရ ရှာတယ်..။ Bill ထွက်လာတော့ Angel Win ရုတ်တရက် ရှော့ခ်ရလိုက် သေးတယ်. ဒါပေမယ့် မကြာ ပါဘူး... Angel Nweni က ရေပန်း ဥယျာဉ်သွားမယ် ဟေ့ဆိုတာနဲ့ လန့်ဖျပ်ပြီး နှာနှပ်စရာ မလိုတော့ပဲ ငါလမ်း စရိတ် မခံဘူးဟေ့ ဆိုပြီး ထအော် ရှာတယ်။

နောက်ဆုံးတော့ ပွဲကို ၁၀ နာရီလောက်မှာ သိမ်းလိုက် ကြတယ်... ဘာပျော် သလဲ မမေးနဲ့ Angel Yin က ငြိမ်ငြိမ် လေးနဲ့ အကင် ၃ ပွဲ ဆွဲလိုက်ပါသတဲ့..........

2 comments:

Anonymous said...

နတ်သား မဟုတ် ပေးမယ့် နတ်သား အလား ချောမော တာကိုတော့ ထည့်မရေးဘူးပေါ့လေ.. နတ်သမီး ယဉ်လေးက ငြိမ်နေမှာပေါ့ ဘီယာသောက်ပြီး မူးနေတာကိုး... ဒါတောင် အကင် စားနိုင်သေးတယ်။

အားလုံး ပျော်ရွှင်ခဲ့ရတဲ့ မွေးနေ့ပွဲလေး ဖြစ်သလို။ မွေးနေ့ ရှင်လည်း အတိုင်းမသိ ဝမ်းသာ ပျော်ရွှင်မယ် လို့ ယူဆပါတယ်။ နောင်နှစ်များမှာလည်း ပျော်ရွှင်တဲ့ မွေးနေ့ပွဲလေး ကျင်းပနိုင်ပါစေလို့ ဆုတောင်း ပေးပါတယ် နတ်သမီးလေး ဝင်းဝင်းရေ....

(ဒါမှ ကျွန်တော်တို့ အဝသောက် အဝစားရမှာ..ဟဲ.ဟဲ..)

Anonymous said...

ကွန့်မင့်က ပေးချင်တာ ကြာပြီ..။ ဒါပေမယ့် အဲဒီ နတ်သဘင်ပွဲ ပြီးကတည်းက နည်းနည်း ဘာဖြစ်မှန်း မသိဘူး..။ လူပြည်နဲ့ မတည့်တာ ဖြစ်မယ် ထင်တယ်..။ ဒီလိုမှန်းသိ နှစ်ခွက်တည်းနဲ့ မရပ်ပါဘူး.။ ( နောင်ဆို အခြေအနေ ကို နားလည်အောင် လုပ်ထားရမယ်..)။
ကျွန်တော် သစ်ဆင်းရဲ့ အပျော်က မွေးနေ့ရှင်ကိုတော့ မမီပါဘူး..။ ဘာဖြစ်လို့လဲ ဆိုတော့...။ ပြောတော့ပါဘူး..။ တော်ကြာ..။ နောင်လည်း အခုထက် ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ မွေးနေ့တွေ ဖြစ်ပါစေဗျာ..။