Thursday, November 20, 2008

လိပ်ပြာငယ်ချိန်

စိတ်အားငယ်နေချိန်မှာ ဘာကိုမှအာရုံစုစည်းလို့ မရပါဘူး၊ ကိုယ့်ရဲ့နားမှာ ဘာမှမရှိတော့သလို၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားသလို၊ တလောကလုံးမှာ ကိုယ်တစ်ယောက်တည်းကျန်ရစ်ခဲ့သလို၊ မျှော်လင့်ခြင်းတွေပျောက်ဆုံးပြီး ပျော်စရာတွေပျက်သုဉ်းလို့ ကိုယ့်ဘဝကြီးက မှောင်မဲတိတ်ဆိတ်နေခဲ့တယ်.......
စိတ်ဆိုတာ လူတစ်ယောက်ရဲ့လိပ်ပြာဆိုရင် ကျွန်မလေ အခု လိပ်ပြာငယ်နေတယ်။ ဒါကြောင့်မို့.........
ဝမ်းနည်းကြေကွဲစရာတွေ...မသိပါရစေနဲ့ ကျွန်မ မခံစားနိုင်လို့ပါ။
ရက်စက်တဲ့စကားတွေ....မကြားပါရစေနဲ့ ကျွန်မ နာခံနိုင်စွမ်းမရှိလို့ပါ။
ရင်နာစရာတွေ.......မကြုံတွေ့ပါစေနဲ့ ကျွန်မရဲ့နှလုံးသား နာဖျားနေလို့ပါ။
လမ်းခွဲဖို့ကိစ္စ......စကားမစလိုက်ပါနဲ့ ကျွန်မရဲ့စိတ် လိပ်ပြာငယ်နေချိန်မို့ပါ။
(yin)

1 comment:

magyi-parchuu said...

လမ်းခွဲဖို့ကိစ္စ......စကားမစလိုက်ပါနဲ့ ကျွန်မရဲ့စိတ် လိပ်ပြာငယ်နေချိန်မို့ပါ။ မိုက်တယ်ကွာ