Wednesday, June 11, 2008

ရွေးချယ်မှု့

လူ့ဘ၀မှာ ရွေးချယ်မှု အများကြီးကို ရင်ဆိုင်ကြရတယ်။ အဲဒီလိုအခါမျိုးမှာ မှန်ကန်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက် လိုတယ်။ ဘယ်သူမှတော့ မမှားချင်ကြဘူး။ ဒီတော့ ဘ၀မှာ ကိုယ် ဘာကို တန်ဖိုး အထားဆုံးလဲ၊ ဘာကို အဆုံးရှုံး မခံနိုင်ဘူးလဲ သိဖို့လိုတယ်။ ကိုယ် အဆုံးရှုံး မခံနိုင်တဲ့ အခွင့် အရေး တစ်ခုကို ဆုပ်ကိုင်နိုင်ဖို့ လိုတယ်။ တစ်ခုကို ရွေးချယ်ခဲ့ ပြီးရင်လဲ နောက်တစ်ခုကို စိတ်တိမ်းညွတ် မနေဖို့ အရေးကြီးတယ်။ တကယ်လို့သာ အဲဒီလို ဖြစ်နေခဲ့ရင် ဘ၀မှာ နေလို့ပျော်မှာ မဟုတ် တော့ဘူး။ ဒါကြောင့် တစ်ခုကို ရနိုင်တဲ့ အချိန်မှာ မယူခဲ့ရင် နောက်တစ်ခါ ရတဲ့အချိန်မှာ ဒါကို မယူသင့်တော့ဘူး သူငယ်ချင်း . . .
မှန်ကန်တဲ့ ရွေးချယ်မှုကို ဆုပ်ကိုင်နိုင်ပါစေ . . .
.(win)

No comments: