Friday, July 18, 2008

ဆယ့်ကိုးဇူလိုင် မမေ့နိုင်

ဒီနေ့duty ဆိုတော့ ဟိုတွေး ဒီတွေးနဲ့ပေါ့၊ အားလုံးလည်း ပြန်သွားကြပြီ၊
မိုးလေးတစ်ဖွဲဖွဲရွာနေတယ် ၊ဘာလိုလိုနဲ့ မနက်ဖြန် ဆိုရင် ဇူလိုင်လ(၁၉)ရက်နေ့ပါ၊
မိုးလေးတစ်ဖွဲဖွဲရွာ နေတုန်းမှာ ရက်စက်စွာ လုပ်ကြံ ခြင်းကိုခံရသော အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရလိုက်မိပါတယ် ၊ နှစ်ပေါင်း (၆၁) ကြာ သွား သော်လည်း နိုင်ငံနဲ့ လူမျိုး အတွက်အသက်စွန့်သွားတဲ့ အာဇာနည် ခေါင်းဆောင် များကို ခုထိ မမေ့နိုင်သေးပါ မေ့နိုင်စရာ အကြောင်းလည်း မရှိပါ ၊
ထို့ကြောင့် ၂၀၀၈ ခုနှစ်ဇူလိုင်လ(၁၉)ရက်နေ့အား ဝမ်းနည်းခြင်း၊ တမ်းတခြင်း၊ လွမ်းဆွတ်သတိရခြင်း
များစွာဖြင့် ကျဆုံးလေပြီးသောကျေးဇူးရှင်အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားစွာဖြင့် အလေးပြုလျှက် ........ (win)

No comments: