Wednesday, November 12, 2008

ငြိတွယ်မိသောအခါ

နာကျည်းမှု့ဆိုတာသူ့အပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး၊ ပရိယာယ်တွေနဲ့ကြွယ်ဝခဲ့တဲ့ မင်းကိုကျွမ်းကျင်တယ်လို့ ချီးကျူးရမလား၊ ဒါမဟုတ် နာကြည်းရမလား..
မျော်လင့်ချက်များစွာနဲ့ တမ်းတခဲ့ရတဲ့ ငါပါ ၊ အပြုံးတွေ ပရိယာယ်တွေနဲ့ လှည့်စားရင်း အလဲထိုးချလိုက်တဲ့ အခါမှဆုံးရှုံးရခြင်းတွေနဲ့ အတူ မင်းရဲ့ ပရိယာယ်တွေကို သဘောပေါက်ခဲ့ရတဲ့ ငါဟာ မင်းကို နားကြည်းမသင့်ဘူးလား...
ဒါပေမယ့် နှလုံးသားထဲမှာ နင့်ရဲ့ပုံရိပ်တွေ စွဲမြဲဆဲမို့ မနာကြည်းရက် မမေ့ပျောက်ရက်တာ အဆန်းတော့မဟုတ်လောက်ပါဘူးနော်.. မှားများနေပြီလား ..
အမှားဆိုရင်တော့ သိပ်ချစ်တတ်တဲ့ ငါ့နှလုံးသားကိုဘဲ အပြစ်ပုံချလိမ့်မယ်.
ငါ့နှလုံးသားက နာကြည်းတတ်ဖို့်ခက်ခဲလောက်အောင် အစွဲအလမ်းကြီးလွန်းတယ်လေ..
ဒါတွေဟာနင့်အပေါ်ထားတဲ့ အချစ်တွေ မလျော့သေးလို့ပါဘဲ
(win)

2 comments:

Anonymous said...

“နာကျည်းမှု့ဆိုတာသူ့အပေါ်ထားတဲ့ မေတ္တာတရားတွေနဲ့ယှဉ်လိုက်ရင်မပြောပလောက်ပါဘူး၊” ဆိုတာထက် မနာကြည်း နိုင်ဘူးလို့ ဆိုရင် ပိုမှန်လိမ့်မယ် ထင်တယ်။ မှားယွင်းစွာ ချစ်ခဲ့မိပြီလို့ သိပေမယ့်လဲ အမှားကို ရှေ့ဆက်တိုးခဲ့ သလို... မုန်းဖို့ ဆိုတာလဲ မစဉ်းစား ခဲ့ဘူးမဟုတ်လား... သူ့အနေနဲ့ အသစ် တစ်ယောက် တွေ့ခဲ့ရင်တောင် အဝေး ကနေ ချစ်နေဆဲပဲ မဟုတ်လား.။

ဆက်လက် ချစ်နေနိုင်ပါစေဗျာ.

Welcome said...

အစ်မခင်ဗျား
ချစ်တတ်ရန်ကောအစ်မရယ်
တစ်ဖက်လူလည်း ဒီရင်ဖွင့်စာလေးကြောင့် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး ဆိုတာ ယုံကြည် မိပါတယ်။ ပရိယာယ်နဲ့ လှည့်စားတယ် မထင် ပါဘူး။ တစ်စုံတစ်ရာသော အကြောင်းလေ;ကြောင့် အခိုက်အတန့်လေး ဝေးနေတယ်လို့ပဲ မြင်မိပါတယ်။
ပြန်လည်အဆင်ပြေနိုင်ပါစေလို့

http://winzaw-mdy.blogspot.com