Tuesday, September 2, 2008

ဒဏ်ရာ


ကြည်နူးစရာကောင်းတဲ့ ချစ်သူစုံတွဲများကို တွေ့မြင်ရတဲ့ အခါမှာ တစ်ယောက်သူကို သတိရလိုက်မိ ပါတယ်
အချစ်နဲ့ပတ်သက်လာရင် ကျမ အတွက် အမှတ်ရစရာတွေ အများကြီးပါပဲ. အချစ်ပတ်သက်လာရင် အပျော်ဆုံး..ဘာနဲ့မှ မလဲနိုင်ဘူးလို့ မှတ်ထင်ထားမိတယ်...ဒါပေမယ့် ကျမအတွက်က အချစ်နဲ့အလွမ်းသည် တွဲလျက်ပါလာတဲ့အရာလား..
မေ့ပစ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်သေးပေမယ့် မေ့လိုက်ဖို့ အခြေအနေ ဖြစ်နေတယ်.. တချိန်ချိန်မှာ ဒီအခြေအနေ နဲ့တွေ့ရမယ်ဆိုတာ သိသိကြီးနဲ့ ချစ်ခဲ့မိတယ်..
ခံစားရပေမယ့် မဖြစ်နိုင်တော့တဲ့အရာတွေက စည်းခြားထားပြီလေ..အခုချိန်ထိတော့ ရင်ထဲမှာ ရှိနေဆဲပါ. ဘယ်အချိန်မှာမှ ပျက်ပြယ်သွားမယ်မသိပါ..
ကျမအတွက်ကတော့ အချစ်ဆိုတာ ပျော်စရာအချိန်တွေ နည်းပါးသလောက် အလွမ်းသင့်သော အချိန်တွေသာ များပြားခဲ့ရပါတယ်...
win

5 comments:

Anonymous said...

အချစ် ဆိုတာ ဒီလိုပါဘဲ။ တွေ့တုန်း ခဏသာ ပျော်ရွှင်မှု ပေးနိုင်တာပါ။ ဘ၀နဲ့ ယှဉ်လာခဲ့ရင် အချစ် ဆိုတာ ပူလောင်မှု တစ်ခုပါဘဲ.

Anonymous said...

ဒဏ်ရာ တော်တော်လေး ကြီးလား? ဟန်ဆာပလတ်စ် ဘဲ ပေါပေါများများ ရတယ်။ ဒဏ်ရာ ပျောက်မလား တော့ မသိဘူး? ကျွန်တော် သိတဲ့ နည်းလမ်းကို ကျွန်တော် ပြောတာပါ။

စန္ဒီမိုးမြင့် said...

မမရယ်
အချစ်စစ်မို့ ဒဏ်ရာ အပြည့် နဲ့ ဖြစ်တာ ဘဲ
ချစ်လို့ လွမ်းရတာ ဘဲ
တန်ပါတယ်
အားပေးနေလျက်

winlatt said...

သူသိမယ်ထင်ရဲ့
ခင်ခင်လေ တကယ်ချစ်တာမို့
ဘယ်အပြစ်မှ မမြင်
သူများတွေကြည်နူးတာမြင်ရင်
ခင်ခင်လေ တကယ်လွမ်းတယ်ရှင့်
မှန်းစိတ်မှာ သူ့ကိုမျှော်ပေမဲ့
သူမလာ ခါခါ တမ်းသော်လည်း
သောကနဲ့ နွမ်း...။
(၀င်းဝင်းအတွက်..)
ဝင်းလတ်

မေမိုးမခ said...

အချစ်ဆိုတာက ပေးဆပ်ခြင်းလား ရယူခြင်းလားဆိုတာတော့ ကွဲကွဲပြားပြား အခုထိမသိသေးဘူး
ဒါပေမဲ့ အခုထိ အချစ်သူအတွက် တို့အရာအားလုံးကို ပေးဆပ်နေရတယ်။
ကောင်းသောပိုစ်လေးပါ အစဉ်အားပေးလျက်
မေမိုးမခ