Tuesday, December 30, 2008

နှစ်သစ်မှာ...လွမ်း


နှစ်ဟောင်းကုန်နှစ်သစ်ကို ရောက်ပါတော့မယ်......ပျော်ရွှင်စွာနဲ့နှစ်သစ်ကိုကြိုလိုက်ရအောင်.....
ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပီပေါ့။ ဒါပေမယ့် အိမ်ဂျယ်တွေကတော့ အသက်ဘယ်လောက်ကြီးကြီးနတ်တန်ခိုးနဲ့အမြဲတမ်း နုပျိုနေပါသတဲ့။ ကံကောင်းတယ်နော် အိမ်ဂျယ်ဖြစ်ရတာ.....
နှစ်ဟောင်းကုန်ဆုံးမယ့် ဒီဇင်ဘာ(31) ညပိုင်းလေးမှာ နတ်သမီးတို့နေထိုင်ရာ အထင်ကရရွှေမြို့တော်ကြီးမှာ နှစ်သစ်ကူးပွဲတော်ကို
ဆင်ယင်ကျင်းပဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်.... အားလုံးသော နတ်သား၊ နတ်သမီးတွေက နှစ်သစ်ကူးသဘင်ကိုဆင်နွဲဖို့ တက်ကြွနေပေမယ့် အိမ်ဂျယ်ယဉ်တစ်ယောက်ကတော့ မပျော်နိုင်ပါဘူး.....
ဘာကြောင့်များပါလိမ့်နော်.......အိမ်ဂျယ်ယဉ်ရဲ့သူငယ်ချင်းတွေက ဝိုင်းပြီးမေးကြပေမယ့် သူမကတော့မဖြေပါဘူး။ မပျော်ရွှင်တဲ့ မျက်နှာနဲ့အိမ်ဂျယ်ယဉ် စိတ်ထိခိုက်နေပါတယ်.....
နှစ်သစ်ကူးပွဲတော်မှာစီစဉ်ထားတဲ့ စားသောက်စရာတွေကလည်း စုံလင်လှပါတယ်။ မွှေးပျံ့တဲ့ ရနံ့တွေ တလှိုင်လှိုင်သင်းလို့ တည်ခင်းထားတဲ့ စတိုင်ကလည်းအပျံစားပဲ....စားသောက်ဖို့ အချိန်နီးလာလေ အိမ်ဂျယ်ယဉ်ရဲ့မျက်နှာမကောင်းလေပါပဲ.....
နောက်ဆုံးတော့သိရပါပြီ......အိမ်ဂျယ်ယဉ်တစ်ယောက် စားစရာတွေများကာမှ သွားနာသည့်ဝေဒနာကြောင့် မစားနိုင်ပဲ နှစ်သစ်မှာရေသောက်ပြီးလွမ်းနေရပါ သတဲ့.......(yin)

No comments: