Sunday, November 30, 2008

သိကောင်းစရာ ဖောလစ်အက်စစ်

ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ထဲမှ ရင်သွေးငယ်လေးများ မွေးရာပါ အင်္ဂါချို့တဲ့မှု့
ရောဂါတွေ မဖြစ်ပွားအောင်ကာကွယ်ပေးရုံတင် သုံးဝင်တာမဟုတ်ပါဘူး၊အားဆေး
တွေမှာဖောလစ်အက်စစ်ဆိုပြီးဖော်ပြလေ့ရှိတဲ့ဗီတာမင်ဘီဟာစိတ်ဓာတ်ကျရောဂါကို
သက်သာစေပြီးအသက်အရွယ်ကြီးလာတဲ့အခါမှာလည်းမှတ်ဥာဏ်တွေလည်းတိုးတက်စေ
ပါတယ်.စိတ်ကျရောဂါသောက်ဆေးများနှင့်အတူ ဖောလစ်အက်စစ်ကို သောက်သုံးပါက စိတ်ကျရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်

အသက်(၅၀)ကျော်တဲ့ သူများကိုသုတေသန ပြုလုပ်ခဲ့ရာမှာဖောလစ်အက်စစ်ကို သုံးနှစ်ခွဲသောက်သုံးလျှင် မှတ်ဥာဏ်ချို့ယွင်းမှု့ကို မဖြစ်စေဘူးလို့ တွေ့ရှိရပါတယ်
ဗီဆာမင်မျိုးစုံနဲ့ဖောလစ်အက်စစ်တွဲသောက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
ဟာသူတို့ရဲ့ မွေးလာမယ့် ကလေးတွေကို ကြီးထွားလာတဲ့အခါ ကလေးမှာ ဖြစ်တတ်
တဲ့ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ ဦးနှောက်အကျိတ်စတဲ့ရောဂါတွေ ဖြစ်ပွားမှု့နှုန်းကို လျော့ချပေးပါတယ်

ဖောလစ်အက်စစ်ဟာ ဆေးလုံးအသွင်နဲ့သောက်သုံးနိုင်သလို ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့စတော်ဘယ်ရီသီး၊ပန်းဂေါ်ဖီ၊ဟင်းနုနယ်ရွက်၊အစိမ်းရောင်ဟင်းရွက်
များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊လိမ္မော်သီးစတဲ့အစားအစားများကိုလည်းစားသုံးနိုင်ပါ
ကြောင်း သုတစွယ်စုံမဂ္ဂဇင်း မှတဆင့် ထပ်ဆင့်ဖော်ပြလိုက်ပါသည်..

1 comment:

Anonymous said...

ဗဟုသုတလေးတွေ မျှဝေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ