Tuesday, July 22, 2008

မိုးကကြိုး

တိမ်ညိုတွေသုတ်ကနဲလွှင့်လာတဲ့အခါ
လေပြည်ကတေးဆိုလိုက်တယ်......
လေညှင်းက...ညင်သာသာနဲ့တမ်းတရုံရှိသေး
မြသစ်ရွက်တို့က.... ကနွဲ့ကလျနဲ့ကခုန်
အာကာတခွင်ကသံစုံတီး၊ အဖြူရောင်မိုးမင်းသမီးလေးပြေးထွက်၊
ကကြိုးညက်ညက်နဲ့........
လျှပ်ပန်းတွေနဲ့ပစ်ပေါက်ဆော့ကစား
အို......အသဲယားစရာပါလားကွယ်။
ဟာ....တိမ်ညိုတွေ ပိုမည်း၊
ငိုပွဲဆင်လို့ပါလား.........yin

No comments: