Thursday, June 12, 2008

ဘ၀ရဲ့အဓိကလိုအပ်ချက်

ဘ၀မှာ ဘာလိုအပ်သလဲ ဘာလိုချင်သလဲဆိုတာ ကိုယ်တိုင်သိဖို့လိုပါတယ်၊ ငွေလား ၊အတတ်ပညာလား၊ ကျော်ကြားမှုဂုဏ်သတင်းလား၊စိတ်ချမ်းသာမှုလား။
တခြားအရာတွေထက် စိတ်ချမ်းသာမှုကပိုပြီး လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်က ဂုဏ်တွေ၊ ငွေတွေ၊ ကျော်ကြားမှုတွေ မရှိပဲစိတ်ချမ်းသာမှု တစ်ခုတည်းနဲ့ ဘဝမှာပျော်ပျော်ကြီးနေထိုင်သွားလို့ရပေမယ့် စိတ်ချမ်းသာမှုမရှိပဲ လောကစည်းစိမ်တွေဘယ် လောက်ပဲရှိရှိ တခဏလေးတောင် ပျော်နိုင်မယ်မထင်ပါဘူး။

1 comment:

Anonymous said...

သူငယ်ချင်း

စိတ်ချမ်းသာမှုဟာ အဓိက ဆိုပေမယ့်လဲ အဲဒီစိတ်ချမ်း သာမှုကို ဘယ်အရာက ဖြည့်ဆည်းပေးနိုင်မှာလဲ။ ဂုဏ်တွေ၊ ငွေတွေ ဆိုတာကလည်း ထိုက်သင့် သလောက်တော့ လိုအပ်မယ်လို့ ထင်ပါတယ်။ တခါ တရံမှ ငွေက လူကို ဖျက်ဆီး တက်တယ် ဆိုပေမယ့်လဲ ငွေမရှိရင်လဲ လူက ပျက်တက်ပါတယ်။ ဒါကြောင့် ဘ၀မှာ လိုအပ်တာတွေ ရှိသင့် သလောက် ရှိနေရင် စိတ်ချမ်းသာမှုကို ရသင့်သလောက် ရမှာပါ။

သူငယ်ချင်း လူ့ဘ၀မှာ အမြဲတမ်း စိတ်ချမ်းသာမှု မရနိုင်ပေမယ့် အများဆုံး စိတ်ချမ်းသာနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။