Wednesday, December 24, 2008

ပြင်ဦးလွင်သို့ အလည်တစ်ခေါက်

မထင်မှတ်ပဲ အိန်ဂျယ်လေး တစ်ယောက် ပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်.။ မူလကတည်းက တောင်ပေါ် မြို့လေးဖြစ်တဲ့အတွက် အေးချမ်းတဲ့ ပြင်ဦးလွင် မြို့လေးဟာ ဒီဇင်ဘာလရဲ့ အစွမ်းနဲ့ အအေး ပိုနေပါတယ်.။

ပြင်ဦးလွင်ကို ရောက်တာနဲ့ မသွားရင် မနေနိုင်လောက်အောင် ဆွဲဆောင်ထားတဲ့ ကန်တော်ကြီး... ပန်းပွဲတော် ရှိတယ်လဲ ဆိုရော အရောက်ကို သွားခဲ့ပါတယ်..... အဝင်မှာတင် များစွာသော ကားတွေ ဆိုင်ကယ်တွေနဲ့ လူပရိတ်သတ်တွေနဲ့ စည်ကားလျက်ရှိပါတယ်... ပန်းဥယျာဉ်ထဲ ဝင်လိုက်တာ စိတ်ကို ကြည့်လင် ပျော်ရွှင်သွားစေခဲ့ပါတယ်...

အားလုံး ပျော်ရွှင်ရအောင် ရိုက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေခံစားခွင့် ပေးလိုက်ပါတယ်....

No comments: