Friday, October 17, 2008

နှောင်ကြိုး


ဆင်ခြင်ဥာဏ်နဲ့ဆန္ဒပဋိပက္ခအကြားမှာ လူတစ်ယောက်ဟာတစ်ခါလောက်တော့မှားခွင့်ရှိမယ်လို့ထင်ပါတယ်. ဒါဟာအမှားဆိုရင်တော့ ဘယ်လောက်ပဲ မှားပါစေတော့.. ကိုယ့်ချစ်သူဆီက ရတဲ့ချစ်ခြင်းတစ်ခုဟာ ဘယ်ပုံစံပဲ ဖြစ်နေပါစေ ကိုယ်က အမြတ်တနိုး လက်ခံတတ်ရင် ပြီးတာပါပဲ ...
ချစ်မိသွားမယ်လို့ ဘယ်တုံးကမှမထင်မိဘူး ..ဘယ်အချိန်ကချစ်မိသွားတယ် ဆိုတာ မသိလိုက်မိဘူး. သိလိုက်တဲ့အချိန်မှာ နှောင်ကြိုး တွေက ချည်မိနေပြီ လေ ...
အချစ်ဟာ အသံမပေးပဲနဲ့ အရှိန်ပြင်းပြင်းဝင်လာလိုက်တာ လှမ်းပြီးတားဖို့ အချိန်တောင်မရလိုက်ပါဘူး နှလုံးသားထဲကို တိုက်ရိုက်ပါပဲ.....ဒါပေမယ့်လည်း တို့နှစ်ယောက်က အစကတည်းကမဆုံသင့်တဲ့သူတွေလေ . .. . ဘာကြောင့်လည်း ဆိုတော့.....

(win)

4 comments:

Anonymous said...

“မထင်ထားတဲ့ အချစ်ကို
မှားယွင်းစွာ လက်ခံခဲ့မိပြီ...
တားဖို့ အချိန်မရှိ ဘူးလို့ ပြောခဲ့ပေမယ့်
အချိန်ရခဲ့ရင်တောင်
တားလိုက်ဖို့ မလုပ်နိုင်ခဲ့တာပါ...
မဆုံသင်တဲ့ လူတွေလို့ သိနေပေမယ့်
ရှောင်နိုင်ဖို့ ခက်တော့လဲ....”

ကျွန်တော် ရေးပေးတဲ့ ကဗျာလေး အတိုင်း ဟုတ်တယ် မဟုတ်... သိတယ်နော်...

ဇင်ယော် said...

အင်း သူတစ်ပါးကို မထိခိုက်စေတဲ့ အမှားမျိုးပဲ ဖြစ်ပါစေ လို့  ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

puluque said...

အစ ကတည်းက မဆုံသင်သူတွေလေ.. ဘာကြောင့်လဲဆိုတော့...
အဲ့ဒီ ဘာကြောင့်ဆိုတာလေးကို သိချင်နေမိပါတယ်။

စန္ဒီမိုးမြင့် said...

ဒီနှောင်ကြိုးလေးတစ်မျှင်နဲ့ထပ်တိုးရစ်ချည်ဖွဲ့:P
သီချင်းလာဆိုပြတာ
အဆုံးစွန်ထိနားလည်ပေးထားတဲ့သူကိုမှ အဆုံးစွန်ထိလှည့်စားရက်တဲ့သူကိုယနေ့အချိန်ထိငြိတွယ်မိနေတဲ့ နှောင်ကြိုးလေးကို ဘယ်လို တန်ခိုးရှင်ကမှ ဖြတ်တောက်ပေးနိုင်လိမ့်မယ် မထင်ဘူး.... စန္ဒီမိုးမြင့်