Wednesday, December 31, 2008

စိတ်ကူးယဉ်


ဘလော့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုဝင်းဇော်မှ tag ထားတဲ့အတွက် ဒီပိုစ့်လေး ကို ရေးဖြစ်သွားပါတယ်၊ နောက်ကျနေတဲ့ အတွက်လည်း နားလည် ပေးစေချင် ပါတယ်၊ စိတ်ကူးမယဉ်ဘူးတဲ့သူ ဆိုတာ မရှိပါဘူး...အဲဒီ အရသာဟာ တော်တော်လေး ကောင်းတယ်.. တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးများ နဲ့ ဆိုတော့လေ

ဝင်း စိတ်ကူးယဉ်တဲ့ အချိန်က ရုံးသွား ရုံးပြန်ဖယ်ရီပေါ်မှာနှင့် ညအိပ်ရာဝင်ချိန် တွေပါဘဲ..ငါသာ ပိုက်ဆံတွေအများကြီး ရှိရင်ပေါ့ ကိုးကွယ်တဲ့ ရွာကဘုန်းကြီး ကျောင်းက မပြီးသေးတဲ့ ဘုရားသိမ်တော်ကြီးကိုလည်း လှူမယ် အဲဒါကို စိတ်ကူးယဉ်တိုင်း ပါတယ်လေ..အခုရာသီက ကျိုက်ထီးရိုး ဘုရားကို သွားရောက်တဲ့ အချိန်ဆိုတော့ ဝင်းရဲ့ မိခင်အပါအဝင် သူငယ်ချင်းတွေနဲ့ သွားဖူးချင်နေပါတယ်..ပညာတော်သင်ပြန်လာတဲ့ သူတွေ presentation လုပ်ကြတဲ့အခါမှာ ငါသာဆိုရင် ဘယ်လိုလုပ်မယ်ပေါ့.... ပြီးတော့ အဝေးရောက်နေတဲ့ တယောက်သောသူ အခုနေများ ရောက်လာခဲ့ရင် ဘယ်ကိုသွားလည်ရင် ကောင်းမလဲပေါ့....

တော်ပြီ ကိုဝင်းဇော်ရေ ရေးရင်းနဲ့ အကြောင်းတွေ ပေါ်ကုန်လိမ့်မယ်နော့....နောက်ဆုံးကတော့ ကားအ‌ကောင်းစား ကြီးကို ကိုယ်တိုင်မောင်းပြီး ရုံးတက်ချင်တယ်လေ...

4 comments:

Welcome said...

အစ်မ ၀င်း
သိပ်ကျေးဇူးတင်ပါတယ်
အလုပ်တွေ မအားလပ်တဲ့ကြားကနေ
အပူကပ်ရေးစေခဲ့တဲ့အတွက်ကြောင့်ပါ။
နှစ်သစ်မှာ
အစ်မ ၀င်း ရဲ့ လိုအင်တွေ
ဆန္ဒနဲ့ ထပ်တူထပ်မျှ ကျနိုင်ပါစေလို့
ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်
လေးစားလျက်နဲ့
http://winzaw-mdy.blogspot.com

winlatt said...

စိတ်ကူးယဉ်တတ်သူ “ ၀င်း”
နှစ်သစ်မှာ စိတ်ကူးအသစ်အဆန်းလေးတွေနဲ့
၂၀၀၉ ကို ဖြတ်သန်းလိုက်ပါဦး..
ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း
အဝေးက “သူ”နဲ့အတူ
နှစ်ကိုယ်တူ ပြည့်စေကြောင်း
ဆုတောင်းပေးလိုက်ပါတယ်....။

Anonymous said...

နှစ်သစ်မှာ စိတ်ကူးယဉ်တာလေးတွေ ဖြစ်ပါစေဗျာ
ပျော်ရွှင်ပါစေ

tainkhwaehnin said...

စိတ်ကူးတွေလက်တွေ့ဖြစ်ပါစေနော်း)