Monday, November 3, 2008

အမှတ်တရ မွေးနေ့ပွဲလေး


နိုဝင်ဘာလ ၂ ရက်နေ့က Angel Nweni ရဲ့ မွေးနေ့အမှတ်တရ အနေနဲ့ နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ကို သွားခဲ့ကြပါတယ်။ ခရီးစဉ်ရဲ့ စပွန်ဆာကတော့ မွေးနေ့ရှင် Angel Nweni ပေါ့... ခရီးစဉ်မှာ ကိုသစ်ဆင်း၊ ကျားလေးနဲ့ ကျမတို့ အိန်ဂျယ်အဖွဲ့ဝင် (၃) ယောက် ပါဝင်ခဲ့ကြပြီး အရမ်းကို ပျော်စရာကောင်းတဲ့ ခရီးစဉ်လေး တစ်ခုပါ..။

မွေးနေ့ရှင် Angel Nweni ပြောတာကတော့ ဒီခရီးစဉ်ဟာ တစ်ယောက်သောသူ အတွက် သွားရောက်တဲ့ ခရီးစဉ်လေး ပါလို့ ကျမကို ရင်ဖွင့်ခဲ့ပါတယ်..။ (ဘယ်သူများဖြစ်မလဲ မသိဘူးနော်.။)

အခုလို သူငယ်ချင်းတွေ ပျော်ရွှင်ဖို့ ဒကာခံ လိုက်ပို့ပေးတဲ့ Angel Nwein တစ်ယောက် ဘဝခရီးတစ်လျှောက် ပျော်ရွှင်နိုင်ပါစေလို့.. မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။ (သူငယ်ချင်း အားလုံးမှ)

မှတ်တမ်းတင်သူ - win.

မှတ်ချက်။ အထက်တွင် ပါရှိသော ပုံများမှ အိန်ဂျယ်မမ များ ဝနေ ခြင်းမှာ ကင်မရာ၏ ချို့ယွင်းမှု ကြောင့်သာ ဝသယောင်ယောင် မြင်တွေ့နေရခြင်း ဖြစ်ပါကြောင်း။

3 comments:

Welcome said...

မင်္ဂလာပါအစ်မ
လှပတဲ့ Happy Birthday ဖြစ်ပါစေ၊
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကြောင့်ကျမှုကင်းစွာနဲ့ လိုအင်ဆန္ဒတွေ တစ်လုံးတစ်ဝတည်းပြည့်ဝပါစေ။
မွေးနေ့မှာ အပျော်ရွှင်ဆုံး နတ်သမီးလေးတစ်ပါး ဖြစ်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
လေးစားခင်မင်လျက်
http://winzaw-mdy.blogspot.com

Anonymous said...

မွေးနေ့ပွဲလေး လာတက်ပါတယ်ခင်ဗျ
ဘယ်သူ့မှ မသိပေမယ့် ပျော်ရွှင်မှုကို ခံစားရပါတယ်
ခပ်တည်တည်ပဲ ပြန်သွားပြီခင်ဗျ
ကွန်နက်ရှင်မကောင်းလို့ နောက်မှပဲ အကုန်လုံးလာဖတ်တော့မယ်ဗျို့

Welcome said...

အစ်မများ
ကျွန်တော်တော့ထင်သားပဲ
ကင်မရာညံ့တာပါလို့
အစ်မများအားလုံး
ပိန်ကြမယ်ဆိုတာ သိပါတယ် (၀ှီး .. ..)

http://winzaw-mdy.blogspot.com