Wednesday, July 23, 2008

ဝါဆိုမိုး

စံပယ်နံ့သင်းသင်း.....မြေတလင်းမှာ
ဝါဆိုပန်းတွေ.......ဝါဝါဝင်းနေခဲ့တယ်
နုညက်သန့်ရှင်း.......ပျိုယမင်းက
လဝန်းတန်ဆောင်......အလင်းရောင်နဲ့
တလင်းပြောင်ထက်.....ပန်းခူးထွက်ခဲ့တယ်
ပြောရင်းဆိုရင်း.....ဒေဝါမင်းက
မိုးစက်ခြွေချ.......ရွာကာကျတော့
ယမင်းနှမ......ယဉ်စစကို
ဝါဆိုမိုးစက်....ခခဲ့တယ်။

3 comments:

Welcome said...

လေးလုံးစပ်ကဗျာတွေကို နှစ်သက်တယ်
စပ်တဲ့သူတွေ ရှားသွားပီ
မင်းယုဝေ၊ နောင် စသည်ဖြင့် လက်ချိုးရေလို့ ရပါတယ်။
ဘာပဲဖြစ်၂ မျှဝေပေးလို့ ၀မ်းသာပါတယ်
ခင်မင်တဲ့
ဝင်းဇော်

Anonymous said...

ပျိုယမင်းကို မိုးစက်ကလေး ခပြီး နောက် ဘာဆက်ဖြစ်တာလဲ။ ကဗျာလေး ကောင်းပါတယ်။ ဒါပေမယ့် ပန်းရောခူးဖြစ်လိုက်လား ဆိုတာ သိချင်သေးတယ်။ ဒါမှမဟုတ် မိုးရွာလို့ ပန်းမခူးဘဲ လှည့်ပြန်ခဲ့လား။ ကဗျာကို ဖတ်ရတာ တစ်မျိုးခံစားရပါတယ်။ သိချင်မိတာလေး ရှိလို့ မေးလိုက်တာပါ။

Nyo Pyar Nyet said...

ပျိုယမင်းကို မိုးစက်ခပြီးတော့မိုးစိုသွားတာပေါ့။
အအေးမပတ်အောင် ကော်ဖီတိုက်လိုက်သေးတယ်။
ပန်းလည်းခူးဖြစ်ပါတယ်...ဝယ်ချင်လို့လား ဒါပေမယ့် နေပြည်တော် မြို့မဈေးမှာ ဖေါက်သည်ပေး လိုက်ပြီတဲ့......