Thursday, December 25, 2008

ပျောက်ဆုံးချိန်

မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ ပင်ပန်းလွန်းပါတယ် မျှော်လင့်စောင့်စားရတဲ့ အရာဟာစိတ်ဒဏ်ရာရစေတာတော့ အမှန်ပါပဲ၊မျှော်လင့်ရင်း တသသ ခံစားရတဲ့ ဝေဒနာကိုထပ်ပြီးမခံစားနိုင်တော့ပါဘူး၊မဖြစ်နိုင်တော့တာကိုသိလျှက်နဲ့ မျှော်လင့်မိတာကို ကျွန်မရဲ့ အပြစ်လို့ သတ်မှတ်ရမှာလား ?ဒါမှမဟုတ် ဝဋ်ကြွေးများလား ......
နောက်ဆုံး ကျွန်မသိလိုက်ရတာကတော့ မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ မရေရာ မသေချာတဲ့ အလုပ်တစ်ခု ဆိုတာကိုပါဘဲ
(win)

6 comments:

Anonymous said...

ဆိုင်ဝူးးး ဆိုင်ဝူးးး.. ကျနော်နဲ့ ဘာမှ ဆိုင်ဝူးးး.. မဟုတ်ဘဲနဲ့ အဲလို ပြောပါနဲ့ဂျာ...on

Welcome said...

အစ်မ Win
မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ မရေရာ မသေချာတဲ့ အလုပ်တစ်ခု ဆိုပေမယ့်.
လူဆိုတာ မျှော်လင့်ခြင်းတွေနဲ့ ရှင်သန်နေကြရ တာပါ။ ၀ဋ်ကြွေးလို့လဲ ဆိုနိုင်ပါတယ်။
"အရာရာ ခက်ခဲတယ်ဆိုတိုင်း နောက်ဆုတ် လိုက်မယ်ဆိုရင် ဘယ်တော့မှ ရှေ့ကို ရောက်နိုင်မှာ မဟုတ်ပါဘူး။ အခက်အခဲ ဆိုတာ မှတ်ကျောက်တစ်ခုပါ"။ အခက်အခဲတွေကို ကျော်လွန်ဖြတ်သန်း နိုင်ပါမှ အောင်မြင်မှု ဆိုတာကို ရယူနိုင်မှာပါ။
မသေချာ
မရေရာပေမယ့်
မျှော်လင့်ခြင်း မျှော်လင့်ရင်းနဲ့ပါပဲ .. ..
""

Anonymous said...

ဒီလိုအမြဲခံစားနေရတာလား

မိုးခါး said...

မမျှော်လင့်ပဲနဲ့လည်း မနေနိုင်ဘူး .. များများမမျှော်လင့်မိအောင်တော့ ကြိုးစားရတာပါပဲ ..

Anonymous said...

ဟုတ်တယ် အစ်မ... ကိုယ် မျှော်လင့် ထားတဲ့ မျှော်လင့် ချက်တွေ ပျက်စီး သွားတဲ့အခါ ခံစားရတဲ့ ခံစားချက်ကို ကျွန်တော် နားလည် ပါတယ်..။ ကျွန်တော်လည်း မျှော်လင့် တာတွေ ဖြစ်မလာလို့ ဝမ်းနည်း ခဲ့ဖူးပါတယ်.။ အဲဒါကြောင့် ကျွန်တော် ဘလော့ မှာလည်း ပို့စ်တစ်ခု ရေးထားတယ်လေ... အစ်မ ဖတ်ဖူးမယ် ထင်ပါတယ်..

တူညီစွာ ခံစားဖူးသူ...

ကျားလေး

Heart Breaker said...

မျှော်လင့်နိုင်တယ်ဆိုတော့
ဒါ အသက်ရှင်နေသေးတယ်လို့ပြောနိုင်တယ်။
မျှောင်လင့်ချက်ကင်းတယ်ဆိုရင်
အဆိုးဘက်ကို ရောက်သွားပါပြီ။
နှစ်သစ်မှာ မျှော်လင့်ချက်တွေ ရှင်သန်နိုင်ပါစေ