Monday, July 7, 2008

သူငယ်ချင်းတွေပြောတဲ့အချစ်

ပထမတစ်ယောက်က ပေါင်ချိန်ရဲ့ညီပေါင်ညိန်-ပိန်ညောင် "ကျားလေး "ပါ၊သူကတော့ အချစ်ဆိုတာ ပေးဆပ်ခြင်း၊ ပေးဆပ်နေရတာကိုဘဲ ကျေနပ်နေတဲ့သူပါတဲ့ ၊
ဒုတိယတစ်ယောက်က သူကိုယ့်သူတော့ အသားညိုစိမ့် လိမ်ကျအောင်လှတယ်လို့ အမြဲပြောတတ်တဲ့ မမဲလို့ခေါ်တဲ့ "မမင်း" ပေါ့ ၊ သူကအချစ်ဆိုတာနားလည်မှု့တဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု့ရှိမှ အချစ်ဆိုတာတည်မြဲမယ်လို့ခံယူထားသူပါတဲ့
တတိယတစ်ယောက်က ကျားလေးက မေရှင်လို့ အမည်ပေးခံရတဲ့ ကတုန်ကရင်အသံပိုင်ရှင်" နီနီ" ပါ၊ အချစ်ဆိုတာ အနေနီးစပ်မှု့ကြောင့်လည်းဖြစ်သွားနိုင်တယ် လို့ဆိုပါတယ်
နောက်ဆုံးတစ်ယောက်က အားလုံးက ဖက်တီးလို့ခေါ်တဲ့ eatting နဲ့ sleeping ကျွမ်းကျင်သူ "ဝင်းဝင်း" လို့ခေါ်တဲ့ ကျွန်မကတော့ အချစ်ဆိုတာဦးနှောက်နဲ့ဆုံးဖြတ်သင့်တယ်လို့ထင်ပါတယ် ၊ ဦးနှောက်က ဆုံးဖြတ်ပေးလိုက်တဲ့ အချစ်ဟာ နှလုံးသားနဲ့ဆုံးဖြတ်တဲ့အချစ်လောက် နူးညံ့ပြီးကဗျာမဆန်ပေမယ့် တည်တံ့ ခိုင်မြဲမှုကတော့ ထာဝရပါ လို့ထင်ပါတယ်........( win )

No comments: