Wednesday, September 17, 2008

ချစ်သူလက်ဆောင်

သင်သည် ချစ်တတ်သောနလုံးသားရှိသူဖြစ်လျှင် သင့်တွင်သင့်အားချစ်သော၊ သင်ကချစ်ရသော ချစ်သူ တစ်ယောက်ရှိပေလိမ့်မည်။
သင့်ချစ်သူကသင့်အား အမှတ်တရဖြစ်စေမည့် လက်ဆောင်များစွာပေးခဲ့ဖူးပေလိမ့်မည်။
ကျွန်မသည်လည်းချစ်သူကပေးသော အမှတ်တရလက်ဆောင်များ ရရှိခဲ့ ဖူးပါသည်။
ကျွန်မကလည်းချစ်သူအတွက် လက်ဆောင်များပေးခဲ့ဖူးပါသည်.....
ချစ်သူသည်သူ၏လက်ဆောင်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်စာတိုလေးများနှင့်အတူ ပေးတတ်သူဖြစ်ပါသည်။
ကျွန်မကပေးသော လက်ဆောင်များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားသုံးစွဲတတ်သော ချစ်သူသည် အခုတော့ကျွန်မအနားတွင်မရှိတော့ပါ.......
ကျွန်မအတွက် စိမ်းကားရက်စက်မှု လက်ဆောင်များ ကိုထားရစ်ကာ တိတ်တဆိတ် ပျောက်ဆုံး သွားပါသည်။
.........ကျွန်မကလည်း ချစ်သူအတွက်မဆုံးနိုင်သော ချစ်ခြင်း များစွာနှင့်အတူ လွမ်းဆွတ်သတိရမှုများကို လက်ဆောင်အဖြစ်ပေးလိုက်ချင်ပါသည်။ yin

2 comments:

Anonymous said...

ကိုယ်ချစ်တဲ့ သူအတွက် ကိုတော့ အချစ်တွေကိုသာ လက်ဆောင် အဖြစ်ပေးဖို့ တိုက်တွန်း လိုပါတယ်ဗျာ...

winlatt said...

ကိုရီးယားမှာ ဖိနပ်လက်ဆောင်ပေးရင် ချစ်သူနဲ့ ဝေးရ တတ်တယ်...ချစ်သူကထားခဲ့ပြီး ထွက်သွားတဲ့သဘော ပေါ့.. မင်း ကိုလဲ ထားခဲ့တယ်ဆိုရင် မင်းလက်ဆောင် ထဲမှာ ဖိနပ်များ ပါခဲ့သလား....
လွမ်းမနေနဲ့တော့..ပျော်အောင်သာနေတော့