Thursday, September 17, 2009

တိတ်တိတ်လေး

ဒီမျက်ဝန်းနဲ့ ဆုံလိုက်တိုင်း
ဒိန်းကနဲ မြည်တတ်တဲ့
ကျမရဲ့ ရင်ခုန်သံ
ဖျက်ကနဲ ပွင့်ထွက်သွားတဲ့ အသဲတခါး
ချစ်ခြင်းတွေကို ရင်ဆိုင်ဖို့
သတ္တိတွေက ဘရ်ရရ်မှန်း မသိ
ထိတ်လန့်မှု့တွေအတူ
ကျရှုံးခဲ့ရပြီ ကိုရရ်
ဒါကြောင့်ပါပဲ
မြေပေါ်မှာ တင်ကျန်နေတဲ့ ရှင့်ရဲ့ခြေရာ
လေထု က ခိုးယူထားတဲ့ ရှင့်ရဲ့ကိုယ်သင်းရနံ
အလင်းတန်းများက ခိုးယူထားတဲ့ ရှင့်ရဲ့ပုံရိပ်တွေကို
တိတ်တိတ်လေး မြတ်တိုးခဲ့ရတရရ်



ဒီကဗျာလေး ကျမကြိုက်နှစ်သက်တဲ့ ကဗျာ လေးပါ ...
မအားလပ်တာကြောင့် ပို့စ်တွေ မတင်ဖြစ်လို့ ကျမ နဲ့လည်း ထပ်တူ ကျတဲ့ ကဗျာလေးကို ခံစားမှု့များစွာနဲ့ တင်လိုက်ပါတယ်..



Wednesday, July 15, 2009

ဘဝနဲ့အချစ်

ဘ၀ဆိုတာခါးသက်ခြင်း~~~~အချစ်ဆိုတာပူလောင်ခြင်း~~~~
အခြား တစ်ဘက် ၌ ~~~~~
ဘဝဆို တာ နေတတ်ခြင်း~~~~~~~အချစ် ဆိုတာ ပေးဆပ်ခံယူခြင်း~~~~







forward-မေးလ်တခုမှ

Monday, June 15, 2009

ချစ်သူ

ချစ်သူ…..

အေးတူပူအမျှအတူတကွ

နေပါရစေတောင်းဆုခြွေလည်း

နေပူထဲကိုမခေါ်လိုသူ

ချစ်သူ….

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးပြီး ဒီဘ၀တော့ ရှိစေတော့ဟု

တိုးတိတ်ကြေကွဲ သဲ့သဲ့ရှိုက်သံ

ရင်ဝယ်သိမ့်သိမ့်

မာန်ချစိတ်ဖြေပြန်လွတ်လေလဲ

ရင်ထဲငရဲကျနေသူ



(ဘလော့ဂ်မိတ်ဆွေ upasaka969 မှ ပေးပို့တဲ့ကဗျာမူရင်းအားအနည်းငယ်ပြင်ဆင်ပြီး ခံစားတင်ပြထားပါသည်)

Thursday, May 21, 2009

စရိုက်

အကျိုးရှိတဲ့အခါမှာ မြှောက်ပင့်ရိုကျိုးပြီး အကျိုးမရှိတော့တဲ့ အခါမှာ ကဲ့ရဲ့ပြစ်တင်တတ်တဲ့စရိုက်ရှိသူများဟာ မိတ်ဆွေအစစ်မဟုတ်တဲ့ အတုအယောင် ဖြစ်သလို...
အမြဲအကျိုးပြု မနေနိုင်သော်လည်း အကျိုးဖြစ်ထွန်းစေလိုသော စေတနာနဲ့ အကျိုးမယုတ်စေလိုသော (စိတ်) သတိ အမြဲရှိနေတတ်တဲ့စရိုက်ရှိ သူ ..အမြဲ တသက်မတ်တည်းပြောင်းလဲခြင်း မရှိတဲ့ ဆက်ဆံရေး ရှိတဲ့သူ..
အဲလို လူမျိုးတွေကမှ မိတ်ဆွေ အတု မဟုတ်တဲ့ အစစ်တွေ ဖြစ်မယ်လို့ ယူဆမိတယ်..အဲဒီလို စရိုက်ရှိတဲ့သူ ကိုယ့်ဘေးမှာ ရှိနေရင် ဘဝမှာ အကောင်းဆုံး လာဘ်လာဘကို ပိုင်ဆိုင်တဲ့သူဖြစ်မှာပါ..ဒီလာဘ်လာဘကို ပိုင်ဆိုင်ဖို့အတွက် ကိုယ်ကိုတိုင်ကလည်း မိတ်ဆွေကောင်း ပီသသူ ဖြစ်အောင် ကျင့်ကြံတတ်ဖို့ လိုအပ်မယ်လို့ မှတ်ယူမိပါတယ်......

(ကျမ ဖတ်ဖူးတဲ့ စာအုပ်ထဲမှ ဖော်ပြချက်လေးပါ - ကြိုက်နှစ်သက်မိတာရယ် တိုက်ဆိုင်မှု့ရှိတာတွေကြောင့် ထပ်ဆင့်မျှဝေလိုက်တာပါ)

Thursday, April 23, 2009

အရိပ်

ဘယ်အချိန်မှာ ဖြစ်ဖြစ်
တွယ်တာရစ်ငင်
ထာဝရထင်သော
ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ....

Thursday, March 19, 2009

ဘဝတစ်သက်စာ အိပ်မက်

လှည့်စားခဲ့တဲ့
သံယောဇဉ်မဲ့
အချစ်တုတွေနဲ့
အစကတည်းက
မဆုံခဲ့ရင်ကောင်းမယ်
မင်းဘက်ကတော့
အိပ်မက်တစ်ခုလို မှတ်ယူခဲ့ပေမယ့်
ငါ့ အတွက်တော့
တစ်ဘဝစာအတွက်ပါဘဲလား ......

Thursday, February 26, 2009

မျှော်လင့်ခြင်း အလွမ်း

ချစ်တတ်သူ တစ်ယောက် မဟုတ်ခဲ့လေတော့
မင်း ပစ်ပယ်သွားတာ သိပ်မဆန်းပါဘူး
ဒါပေမယ့် ငါဟာ...
အချစ်ငတ်သူလဲ မဟုတ်ပြန်ဘူး..

ဟို..အရင် မင်း မရှိစဉ်ကလဲ
အထီးကျန်လမ်းမှာ ငါ တစ်ယောက်တည်း
သိုသိပ်လျှို့ဝှက်စွာ ကြီးပြင်းလာခဲ့
မက်မောတွယ်တာဖွယ်တွေ သိပ်မရှိခဲ့ဘူး..

မင်းကို ချစ်မိပြီး နောက်ပိုင်းမှာတော့
ပြောင်းလဲမှုများစွာ ဖြစ်လာပါတယ် ချစ်သူ..
ငါဟာ အရင်ကထက် ပိုပြီး
သိုသိပ်လျှို့ဝှက်လာတယ်.
တည်ငြိမ် ရင်ကျင့်လာတယ်..
ဘဝ ဆိုတာကို နားလည်စ ပြုလာတယ်...
ကျေးဇူးပါ ချစ်သူ..

မင်းကို ချစ်မိတာအတွက် ငါ ဘယ်တော့မှ နောင်တ မရပါဘူး
မင်းရဲ့ တုန့်ပြန်မှု ဘယ်လို ရှိစေပေါ့လေ..
ဘာပဲဖြစ်ဖြစ် ငါဟာ..
အရင်ကထက် ပိုပြီး တိုးတက်လာတယ်..

မင်းကို ချစ်နိုင်ခွင့်လေး
တစ်ခါ ပြန်ရမယ် ဆိုရင်တော့
ပျော်ရွှင် ကြည်နူးဖွယ်တွေ
တို့နှစ်ဦးကြား စိမ့်ဝင်ပျံ့နှံ့နေလိမ့်မယ်..
ဝမ်းနည်း ကြေကွဲဖွယ်တွေ ရှိလာရင်တောင်
ငါတို့ ရယ်မောနိုင်ကြမှာပါ..

ငါတောင့်တမိတဲ့ အဲဒီအချိန်
ဘယ်တော့ ရောက်လာမယ် မသိပေမယ့်
ငါကတော့ မျှော်လင့်ချက် အပြည့်နဲ့
စောင့်စားနေဆဲ.. မှန်းဆ ကြည်နူးနေဆဲ..

မျှော်လင့်ချက်ကြောင့် ငါ့ဘဝ
လင်းလက်တောက်ပဆဲ..
အားမာန်အပြည့် လျှောက်လှမ်းဆဲ..
မျှော်လင့်ရင်းလဲ မင်းကို လွမ်းနေဆဲ..


မှတ်ချက်။ ။( ဝလုံးဝိုင်းဝိုင်း ရဲ့ ဘလော့မှ ကဗျာလေးကို နှစ်သက်မိလို့ အမှတ်တရ အနေဖြင့် ပြန်လည် ဖော်ပြထားတာပါ။ )

Tuesday, February 24, 2009

Tag(တခါတုန်းက ဒုက္ခ အခုတော့ ဟာသ)

ဘလော့မောင်နှမဖြစ်တဲ့ ကိုဝင်းဇော်မှ Tag ထားတာလေးပါ. (တခါတုန်းကဒုက္ခ အခုတော့ဟာသ ) ဆိုတဲ့ ခေါင်းစဉ်လေးပါ.. ကျမရဲ့ တချိန်တုန်းကဆိုင်ကယ်စီး သင်ခါစက အကြောင်းလေးကို ပြန်သတိရမိပါတယ်...

ဆိုင်ကယ်ကို အရမ်းလိုချင်ခဲ့တဲ့ ကျမကို ဆိုင်ကယ်စီးတတ်မှ ဝယ်ပေးမယ်လို့အမေက ပြောလာတော့ ကျမ ဦးလေး ဆိုင်ကယ်နဲ့ အစီးသင်ဖို့ ဦးလေးကိုပူဆာမိပါတယ်... ဦးလေး ဆိုင်ကယ်နဲ့ရောက်လာချိန်မှာဆိုင်ကယ်ကို ခွပြီးဘယ်လိုလုပ်ရတာလို့ မေးရင်း ဂီယာကို နင်းမိပြီး ကြောက်ကြောက်နဲ့လီဗာကိုဆွဲလိုက်မိတာ ဝုန်းကနဲ ထွက်သွားလေတော့ လူလည်းကြောက်ကြောက်နဲ့အော်ရင်း ဆိုင်ကယ်ပေါ်ပါသွားပါလေရော..

အဲဒီအချိန်မှာဘဲ ရပ်ကွက်ထဲက အကိုကြီးကလှမ်းပြီး နုတ်ဆက်ပါလေရော..(ဟ.စီးတတ်နေပြီပေါ့ ) လို့ ပြောလည်းပြောလိုက်ရော ကျမကအကိုဘေးကပ်နေ လို့ပြောပြီးမှ သူ့ကို ဝင်တိုက်ပါလေရော... အဲဒီအကိုမှာ
လမ်းပေါ်မှာ ပက်လက်ကြီးအနေအထားပေါ့ ဆိုင်ကယ်နဲ့ကျမကသူ့ခြေထောက်ကြားမှာလေ.. အဲဒီအကိုကြီးက လီဗာကို လျော့ဟလို့ပြောလေကျမက နားမလည်တော့ လီဗာကို လက်က မလျော့မိဘဲကြောက်ကြောက်နဲ့
ဆုပ်ကိုင်မိလေ ဒုက္ခလည်းရောက် ချွေးတွေပြန်ပြီးလူလည်း အတော်လေးကိုကြောက်သွားမိတယ် .....
(အဲဒီအကိုကြီး ဘာဖြစ်သွားသေးလည်း ဆိုတာတော့ ပြောမပြတော့ဘူးနော်.)

အခုအချိန်ထိ အဲဒီအကိုက ကျမကိုတွေ့တိုင်း ဒေါ်လီဗာ လို့အမြဲ ခေါ်တတ် ပါတယ်..အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးက အခုအချိန်မှာ ပြန်တွေးမိတိုင်းအမြဲ ပြုံးမိပါတယ်....
ကိုဝင်းဇော် ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်........
ကိုသစ်ဆင်းနှင့် ကိုဂစ်တာ တို့ကိုလည်း ဆက်ပြီး(Tag) ထားလိုက်ပါတယ် အချိန်ရရင်ဖြေပေးစေချင်ပါတယ်
(winwinlay)

Sunday, February 15, 2009

ညှို့

စိတ်တညှို့မှာ
ကျမ လိုချင်တာတွေ မှန်သမျှ
ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
ကျမ မောင့်ကို
စိတ်ညှို့ပစ်လိုက်ချင်တယ်....

Tuesday, January 27, 2009

မေ့ထားရက်သူ

ဝေးကွာရခြင်း
အလွမ်းဒဏ်ကြောင့်
ရင်နှင့်အမျှ ခံစားရတော့မှ
ကံကြမ္မာကိုပဲ အကြိမ်ကြိမ်
အပြစ်တင် နေရမလား...

မေ့ထားနိုင်သူ နဲ့ မမေ့ရက်နိုင်သူ
အတူရှိခဲ့စဉ်က ပျော်ရွှင်မှုအတိတ်အရိပ်တွေကို
ဘယ်လိုမှ တားဆီးထိန်းချူပ်မထားနိုင်တဲ့
မမေ့ရက်နိုင်သူကိုပဲ
အကြိမ်ကြိမ် အပြစ်ရမလား....

နောက်ဆုံးအဖြေကတော့
ကျေနပ်စွာနဲ့ ကြေကွဲရင်း
ကြေကွဲစွာနဲ့ မမေ့နိုင်သူပါ...

(win)

Saturday, January 17, 2009

ချစ်မိခဲ့လို့


နှလုံးသားတခုလုံး မွန်းကျပ်စွာနဲ့
အဆိပ်သင့်ခဲ့ဖူးတယ်
ပစ်ပယ်သွားမှာ ကြောက်လို့

မယုံနိင်လောက်အောင် စွဲလမ်းခဲ့ဖူးတယ်
နှလုံးသားက တောင်းဆိုလို့

တိတ်ဆိတ်စွာနဲ့ ငိုခဲ့ဘူးတယ်
နေရစ်ခဲ့ရမှာကြောက်လို့

မဆုံနိုင်တာ သိပေမယ့်လည်း
ပေးဆပ်ခဲ့ဖူးတယ်
လွမ်းရမှာကြောက်လို့

နောက်ဆုံးတော့လည်း
ထားခဲ့တဲ့နေရာမှာ
ကျေနပ်စွာနဲ့ ရပ်တန့်ကာနေခဲ့ပါတယ်
ချစ်မိခဲ့လို့

(win)

သူငယ်ချင်း

သူငယ်ချင်း ဆိုတဲ့ သဘာဝက ဂုဏ်ပကာသန တွေမလိုဘူး ၊ တစ်ယောက်နဲ့တယောက် သာတယ် နာတယ်လို့လည်းသဘောမထား၊ ရွယ်တူတွေလည်းရှိသလို ကိုယ့်ထက်ငယ်သူ ကြီးသူလည်း ရှိကြတယ်၊
နောက်ပြီး လူချင်းမမြင်ဘူးဘဲ အွန်လိုင်းကနေ ဆက်သွယ်မိပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာလည်းရှိကြတယ်၊

ငယ်ရွယ်တဲ့ အချိန်မှာတော့ ကျောင်းအတန်းဖော်သူငယ်ချင်း တွေနဲ့အတူသွား ၊ အတူစား အပူအပင်ကင်းမဲ့စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်၊ ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်လာတော့ ကွဲကွာသွားကြပြီး ကိုယ့်ကိုယ်တိုင် လျှောက်မှ ရောက်မယ့်လမ်းတွေဆီကို လျှောက်လှမ်းသွားကြရတယ်၊ တခါတလေမှာ တိုက်ဆိုင်မှု့တွေရှိတိုင်း သတိရတတ်ကြ
ပေမယ့် ငယ်ငယ်တုန်းကလိုဘဝမျိုးကို ပြန်မရနိုင်တော့ဘူးလေ...

တခါတလေမှာ အတွေ့အကြုံတွေကို ရင်ဖွင့်ချင်တယ်.ကိုယ်သိတာတွေကိုလည်း မျှဝေပေးချင်သေးတယ် ဒါပေမယ့် ကိုယ့်အတွက်ကြောင့် ပျော်နေမလား?၊ စိတ်ညစ်နေမလား?၊
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် သူငယ်ချင်းတွေဟာ နွေ ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်တဲ့ ၊ ဒီလိုပါဘဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူညီပါ့မလဲ
ဒါကြောင့် ဝေးကွာနေတဲ့ သူငယ်ချင်းများကို သတိရ၊လွမ်းနေပါတယ် ဆိုတဲ့အကြောင်း ဘလော့ခ်စာမျက်နှာကနေ ကျန်းမာပျော်ရွင်ပါစေလို့ စိတ်ရင်းနဲ့ ဆုတောင်းလိုက်ပါတယ်.....(win)

Thursday, January 1, 2009

ဂုဏ်ပြုပါတယ် သူငယ်ချင်း





ဝန်ကြီးဌာနတစ်ခုတွင် အတူတူတာဝန်ထမ်းဆောင်ကြသော(ကိုသစ်ဆင်း၊ကျားလေး ၊အိန်ဂျယ်(၃)ယောက်)တို့၏ ဝန်ကြီးဌာန (၆၁) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဘာသာရပ်ကျွမ်းကျင်ဆု ကို ရရှိခဲ့သော ကျမတို့၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မောင်လေး ကျော်နိုင်စိုး(ကျားလေး) ရရှိခဲ့ တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ကြောင်း ဘလော့စာမျက်နှာမှ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်
(win)

Wednesday, December 31, 2008

စိတ်ကူးယဉ်


ဘလော့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုဝင်းဇော်မှ tag ထားတဲ့အတွက် ဒီပိုစ့်လေး ကို ရေးဖြစ်သွားပါတယ်၊ နောက်ကျနေတဲ့ အတွက်လည်း နားလည် ပေးစေချင် ပါတယ်၊ စိတ်ကူးမယဉ်ဘူးတဲ့သူ ဆိုတာ မရှိပါဘူး...အဲဒီ အရသာဟာ တော်တော်လေး ကောင်းတယ်.. တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးများ နဲ့ ဆိုတော့လေ

ဝင်း စိတ်ကူးယဉ်တဲ့ အချိန်က ရုံးသွား ရုံးပြန်ဖယ်ရီပေါ်မှာနှင့် ညအိပ်ရာဝင်ချိန် တွေပါဘဲ..ငါသာ ပိုက်ဆံတွေအများကြီး ရှိရင်ပေါ့ ကိုးကွယ်တဲ့ ရွာကဘုန်းကြီး ကျောင်းက မပြီးသေးတဲ့ ဘုရားသိမ်တော်ကြီးကိုလည်း လှူမယ် အဲဒါကို စိတ်ကူးယဉ်တိုင်း ပါတယ်လေ..အခုရာသီက ကျိုက်ထီးရိုး ဘုရားကို သွားရောက်တဲ့ အချိန်ဆိုတော့ ဝင်းရဲ့ မိခင်အပါအဝင် သူငယ်ချင်းတွေနဲ့ သွားဖူးချင်နေပါတယ်..ပညာတော်သင်ပြန်လာတဲ့ သူတွေ presentation လုပ်ကြတဲ့အခါမှာ ငါသာဆိုရင် ဘယ်လိုလုပ်မယ်ပေါ့.... ပြီးတော့ အဝေးရောက်နေတဲ့ တယောက်သောသူ အခုနေများ ရောက်လာခဲ့ရင် ဘယ်ကိုသွားလည်ရင် ကောင်းမလဲပေါ့....

တော်ပြီ ကိုဝင်းဇော်ရေ ရေးရင်းနဲ့ အကြောင်းတွေ ပေါ်ကုန်လိမ့်မယ်နော့....နောက်ဆုံးကတော့ ကားအ‌ကောင်းစား ကြီးကို ကိုယ်တိုင်မောင်းပြီး ရုံးတက်ချင်တယ်လေ...

Tuesday, December 30, 2008

နှစ်သစ်မှာ...လွမ်း


နှစ်ဟောင်းကုန်နှစ်သစ်ကို ရောက်ပါတော့မယ်......ပျော်ရွှင်စွာနဲ့နှစ်သစ်ကိုကြိုလိုက်ရအောင်.....
ဘာလိုလိုနဲ့ အသက်တစ်နှစ်ကြီးပြန်ပီပေါ့။ ဒါပေမယ့် အိမ်ဂျယ်တွေကတော့ အသက်ဘယ်လောက်ကြီးကြီးနတ်တန်ခိုးနဲ့အမြဲတမ်း နုပျိုနေပါသတဲ့။ ကံကောင်းတယ်နော် အိမ်ဂျယ်ဖြစ်ရတာ.....
နှစ်ဟောင်းကုန်ဆုံးမယ့် ဒီဇင်ဘာ(31) ညပိုင်းလေးမှာ နတ်သမီးတို့နေထိုင်ရာ အထင်ကရရွှေမြို့တော်ကြီးမှာ နှစ်သစ်ကူးပွဲတော်ကို
ဆင်ယင်ကျင်းပဖို့ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်.... အားလုံးသော နတ်သား၊ နတ်သမီးတွေက နှစ်သစ်ကူးသဘင်ကိုဆင်နွဲဖို့ တက်ကြွနေပေမယ့် အိမ်ဂျယ်ယဉ်တစ်ယောက်ကတော့ မပျော်နိုင်ပါဘူး.....
ဘာကြောင့်များပါလိမ့်နော်.......အိမ်ဂျယ်ယဉ်ရဲ့သူငယ်ချင်းတွေက ဝိုင်းပြီးမေးကြပေမယ့် သူမကတော့မဖြေပါဘူး။ မပျော်ရွှင်တဲ့ မျက်နှာနဲ့အိမ်ဂျယ်ယဉ် စိတ်ထိခိုက်နေပါတယ်.....
နှစ်သစ်ကူးပွဲတော်မှာစီစဉ်ထားတဲ့ စားသောက်စရာတွေကလည်း စုံလင်လှပါတယ်။ မွှေးပျံ့တဲ့ ရနံ့တွေ တလှိုင်လှိုင်သင်းလို့ တည်ခင်းထားတဲ့ စတိုင်ကလည်းအပျံစားပဲ....စားသောက်ဖို့ အချိန်နီးလာလေ အိမ်ဂျယ်ယဉ်ရဲ့မျက်နှာမကောင်းလေပါပဲ.....
နောက်ဆုံးတော့သိရပါပြီ......အိမ်ဂျယ်ယဉ်တစ်ယောက် စားစရာတွေများကာမှ သွားနာသည့်ဝေဒနာကြောင့် မစားနိုင်ပဲ နှစ်သစ်မှာရေသောက်ပြီးလွမ်းနေရပါ သတဲ့.......(yin)

အချစ်စစ်စစ်


ချစ်ပန်းပင်မှာ....ကြင်နာလေဟန်
ပွင့်ဖတ်နားခို......ဝတ်ရည်ချိုသုံး
ကိုယ်လွတ်ရုန်းပြေး.....လိပ်ပြာလူလည်
ကိုယ်မဖြစ်ချင်.......
အကြင်နာစစ်......ရင်မှာဖွဲ့နှောင်
တစ်ကောင်မရှိ.....တစ်ကောင်သိက
ယောင်တိယောင်ငေး.......တဆွေးမြေ့မြေ့
အဆွေးစိတ်ပို......အောက်ချင်းငှက်လို
ကိုယ်ဖြစ်ချင်သည်.........
yin

Thursday, December 25, 2008

ပျောက်ဆုံးချိန်

မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ ပင်ပန်းလွန်းပါတယ် မျှော်လင့်စောင့်စားရတဲ့ အရာဟာစိတ်ဒဏ်ရာရစေတာတော့ အမှန်ပါပဲ၊မျှော်လင့်ရင်း တသသ ခံစားရတဲ့ ဝေဒနာကိုထပ်ပြီးမခံစားနိုင်တော့ပါဘူး၊မဖြစ်နိုင်တော့တာကိုသိလျှက်နဲ့ မျှော်လင့်မိတာကို ကျွန်မရဲ့ အပြစ်လို့ သတ်မှတ်ရမှာလား ?ဒါမှမဟုတ် ဝဋ်ကြွေးများလား ......
နောက်ဆုံး ကျွန်မသိလိုက်ရတာကတော့ မျှော်လင့်ခြင်း ဆိုတဲ့အရာဟာ မရေရာ မသေချာတဲ့ အလုပ်တစ်ခု ဆိုတာကိုပါဘဲ
(win)

Wednesday, December 24, 2008

ပြင်ဦးလွင်သို့ အလည်တစ်ခေါက်

မထင်မှတ်ပဲ အိန်ဂျယ်လေး တစ်ယောက် ပန်းပွဲတော်ကို ရောက်ခဲ့ပါတယ်.။ မူလကတည်းက တောင်ပေါ် မြို့လေးဖြစ်တဲ့အတွက် အေးချမ်းတဲ့ ပြင်ဦးလွင် မြို့လေးဟာ ဒီဇင်ဘာလရဲ့ အစွမ်းနဲ့ အအေး ပိုနေပါတယ်.။

ပြင်ဦးလွင်ကို ရောက်တာနဲ့ မသွားရင် မနေနိုင်လောက်အောင် ဆွဲဆောင်ထားတဲ့ ကန်တော်ကြီး... ပန်းပွဲတော် ရှိတယ်လဲ ဆိုရော အရောက်ကို သွားခဲ့ပါတယ်..... အဝင်မှာတင် များစွာသော ကားတွေ ဆိုင်ကယ်တွေနဲ့ လူပရိတ်သတ်တွေနဲ့ စည်ကားလျက်ရှိပါတယ်... ပန်းဥယျာဉ်ထဲ ဝင်လိုက်တာ စိတ်ကို ကြည့်လင် ပျော်ရွှင်သွားစေခဲ့ပါတယ်...

အားလုံး ပျော်ရွှင်ရအောင် ရိုက်ခဲ့တဲ့ ပုံလေးတွေကို မျှဝေခံစားခွင့် ပေးလိုက်ပါတယ်....

Monday, December 22, 2008

မိန်းကလေးတွေရဲ့ စိတ်

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် " မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင် ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။
၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။


(အမတစ်ယောက်ကမေးလ်နဲ့ပို့ထားတာလေးပါ ၊ သိပြီးသားဆို ကျော်ဖတ်သွားနိုင်ပါတယ်)win

Sunday, November 30, 2008

သိကောင်းစရာ ဖောလစ်အက်စစ်

ဖောလစ်အက်စစ်ဟာ ကိုယ်ဝန်ထဲမှ ရင်သွေးငယ်လေးများ မွေးရာပါ အင်္ဂါချို့တဲ့မှု့
ရောဂါတွေ မဖြစ်ပွားအောင်ကာကွယ်ပေးရုံတင် သုံးဝင်တာမဟုတ်ပါဘူး၊အားဆေး
တွေမှာဖောလစ်အက်စစ်ဆိုပြီးဖော်ပြလေ့ရှိတဲ့ဗီတာမင်ဘီဟာစိတ်ဓာတ်ကျရောဂါကို
သက်သာစေပြီးအသက်အရွယ်ကြီးလာတဲ့အခါမှာလည်းမှတ်ဥာဏ်တွေလည်းတိုးတက်စေ
ပါတယ်.စိတ်ကျရောဂါသောက်ဆေးများနှင့်အတူ ဖောလစ်အက်စစ်ကို သောက်သုံးပါက စိတ်ကျရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်

အသက်(၅၀)ကျော်တဲ့ သူများကိုသုတေသန ပြုလုပ်ခဲ့ရာမှာဖောလစ်အက်စစ်ကို သုံးနှစ်ခွဲသောက်သုံးလျှင် မှတ်ဥာဏ်ချို့ယွင်းမှု့ကို မဖြစ်စေဘူးလို့ တွေ့ရှိရပါတယ်
ဗီဆာမင်မျိုးစုံနဲ့ဖောလစ်အက်စစ်တွဲသောက်သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
ဟာသူတို့ရဲ့ မွေးလာမယ့် ကလေးတွေကို ကြီးထွားလာတဲ့အခါ ကလေးမှာ ဖြစ်တတ်
တဲ့ ကင်ဆာရောဂါ၊ သွေးကင်ဆာ၊ ဦးနှောက်အကျိတ်စတဲ့ရောဂါတွေ ဖြစ်ပွားမှု့နှုန်းကို လျော့ချပေးပါတယ်

ဖောလစ်အက်စစ်ဟာ ဆေးလုံးအသွင်နဲ့သောက်သုံးနိုင်သလို ဖောလစ်အက်စစ်ကြွယ်ဝတဲ့ အစားအစာများဖြစ်တဲ့စတော်ဘယ်ရီသီး၊ပန်းဂေါ်ဖီ၊ဟင်းနုနယ်ရွက်၊အစိမ်းရောင်ဟင်းရွက်
များ၊ ပဲအမျိုးမျိုး၊ အခွံမာသီးများ၊လိမ္မော်သီးစတဲ့အစားအစားများကိုလည်းစားသုံးနိုင်ပါ
ကြောင်း သုတစွယ်စုံမဂ္ဂဇင်း မှတဆင့် ထပ်ဆင့်ဖော်ပြလိုက်ပါသည်..