Tuesday, January 27, 2009

မေ့ထားရက်သူ

ဝေးကွာရခြင်း
အလွမ်းဒဏ်ကြောင့်
ရင်နှင့်အမျှ ခံစားရတော့မှ
ကံကြမ္မာကိုပဲ အကြိမ်ကြိမ်
အပြစ်တင် နေရမလား...

မေ့ထားနိုင်သူ နဲ့ မမေ့ရက်နိုင်သူ
အတူရှိခဲ့စဉ်က ပျော်ရွှင်မှုအတိတ်အရိပ်တွေကို
ဘယ်လိုမှ တားဆီးထိန်းချူပ်မထားနိုင်တဲ့
မမေ့ရက်နိုင်သူကိုပဲ
အကြိမ်ကြိမ် အပြစ်ရမလား....

နောက်ဆုံးအဖြေကတော့
ကျေနပ်စွာနဲ့ ကြေကွဲရင်း
ကြေကွဲစွာနဲ့ မမေ့နိုင်သူပါ...

(win)

10 comments:

Welcome said...

မညီမျှမှုတွေ ..
ပဋိပက္ခတွေ ..
အကောင်း အဆိုးတွေ ဒွန်တွဲနေတဲ့
လောကသေးသေးလေးထဲမှာ
ကံကြမ္မာကိုပဲ အပြစ်မတင်စေချင်ပါဘူး။
မမေ့ရက်နိုင်သူတစ်ယောက်ရဲ့
ဖြစ်အင်ကိုလည်း အပြစ်လို့ မမြင်မိပါဘူး။
ကြေကွဲမှုတွေ ဆုံးခမ်းတိုင်နိုင်ပါစေ.. လို့
ဆန္ဒပြုလိုက်ပါတယ်။
အေးချမ်းပျော်ရွှင်နိုင်ပါစေ .. ..

Anonymous said...

ကျေနပ်နိုင်သူဟာ အရာရာကို ပိုင်ဆိုင် နိုင်သူ တစ်ယောက်ဖြစ်မှာပါ.။ ကိုယ်ချစ် နေသ၍ . သူ့အပေါ် ကြေနပ်နေသ၍ ကိုယ်ဟာ သူ့ကို ပိုင်ဆိုင် ထားနိုင်မှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အဆင်ပြေ နိုင်ပါစေ..။

ဖိုးဂျယ် said...

မေ့နိုင်စွမ်းရှိသူအဖြစ်
အချစ်သစ်ရဲ့ ရင်ခွင်မှာ
ပျော်ရွှင်နေတဲ့ မင်းကို
ငါ့မှာ မေ့မရခြင်းတွေကို
အဖော်ပြုလို့ အလွမ်းကမ္ဘာထဲမှာ
အလွမ်းကဗျာတွေပဲ
ရေးဖွဲ့နေရမယ်ထင်တယ်
ချစ်သူရေ

ဖတ်ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို
ပြန်စဉ်းစားမိလို့ ရေးလိုကတာပါ အမရေ

thinstar1 said...

ယောင်းယောင်း ကဗျာရေးစားတော့ ရပြီ မမရဲ့ခံစားချက်နဲ့ရေးထားတာမလို့လား မသိဘူး အရမ်းကောင်းတယ်

Anonymous said...

ဒီလိုပဲပေါ့ ...ချိုတစ်လှည့်ခါးတစ်လှည့်

Anonymous said...

စကားလုံးတွေကတော့ အမိုက်စားပါလား အစ်မ။ ကြိုက်တယ်ဗျာ။ ကောင်းပါ၏။ အမိုက် လွမ်းဆွေး တမ်းတနေတာ ကြည့်ပြီး ချစ်ရမှာကိုတောင် လန့်မိသလို။ ဟဲဟဲ။

Anonymous said...

ဟာ.. အစ်မ လို့ ရေးတာ ဘယ်လို အမိုက်ဖြစ်သွားရတာလဲ။ ဆောတီး အစ်မရေ။ လည်တာ ကြာတော့ မျက်စိ ညောင်းသွားလို့ပါ။

winlatt said...

အချစ်ဆိုတာ
မချစ်တတ်ခင်သာ အရူးအမူးဖြစ်တာပါ..
တကယ်ချစ်တတ်လာပြီဆိုတော့
ကြေကွဲစရာဆိုတာလဲမရှိတော့ပါဘူး...
သူကျေနပ်ရင်ဘဲ ပြီးပြည့်စုံနေတတ်ပါတယ်..။
အတ္တနဲ့ချစ်နေမဲ့အစား
အနတ္တဆိုတာရှိတယ်လို့ နားလည်ထားရင်
စွန့်လွှတ်လိုက်ရလဲ ၀န်မလေးတော့ဘူး
အဲဒီလူဟာ
သူများတွေရူးသလို မရူးဘူးပေါ့....။

My Diary said...

မမေ့နိုင်ဘူးလား
တို့ဆီမှာ အသည်းကွဲနည်းနာရှိတယ်
သယ်ချင်းအတွက် :)
အချိန်ကုစားမှုအောက်မှာ မေ့ပျော်ကသွားမှာပါ။

လွမ်းဝေ(သာစည်) said...

ရင်ထဲမှာ နာကြင်ကြေကွဲနေပေမဲ့.....
အသိဥာဏ်တစ်ခုရဲ့စေညွှန်းရာကို
ဥပေက္ခာပြုစွဲလမ်းနေမိတယ်.....
ပူလောင်လွန်းမှန်း သိပါလျှက်
ဝိုင်ချိုချိုတစ်ခွက် သောက်သုံးနေသလိုမျိုး
ရင်ထဲမှာ စွဲငြိနေမိတယ်....
အချစ်ကြီးသူ တစ်ယောက်ရဲ့
နောက်ဆုံးရလဒ်ဟာ ကြေကွဲခြင်းတွေမှန်း
သိနေပါလျှက်နဲ့ ရူးမိုက်စွာ
တမ်းတနေမိတယ်.....(အမြန်ဆုံးအဆင်ပြေပါစေ)