Monday, June 15, 2009

ချစ်သူ

ချစ်သူ…..

အေးတူပူအမျှအတူတကွ

နေပါရစေတောင်းဆုခြွေလည်း

နေပူထဲကိုမခေါ်လိုသူ

ချစ်သူ….

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးပြီး ဒီဘ၀တော့ ရှိစေတော့ဟု

တိုးတိတ်ကြေကွဲ သဲ့သဲ့ရှိုက်သံ

ရင်ဝယ်သိမ့်သိမ့်

မာန်ချစိတ်ဖြေပြန်လွတ်လေလဲ

ရင်ထဲငရဲကျနေသူ



(ဘလော့ဂ်မိတ်ဆွေ upasaka969 မှ ပေးပို့တဲ့ကဗျာမူရင်းအားအနည်းငယ်ပြင်ဆင်ပြီး ခံစားတင်ပြထားပါသည်)

4 comments:

မိုးခါး said...

ချစ်တတ်တယ်နော် ..း)

win latt said...

နေရိပ်ထဲမှာ နေရပါမှ....
စိန်စီလမ်းပေါ် လျှောက်လှမ်းရပါမှ....
ပန်းမွေ့ယာပေါ်မှာ စံစားရပါမှ...
မောင်နဲ့အတူ...နေမဲ့လူ...မဟုတ်ရပါ..မောင်ရယ်...တဲ့။
သီချင်းလေး ကြားတိုင်း
မျက်ရည်ဝိုင်းလည်
ရင်ဝယ်ခံစား
ကြေကွဲသွားပေါ့
ခွဲသွားလေသူ သူ့ကြောင့်မို့။

Unknown said...

တကယ်ချစ်တတ်တယ် နော် ကောင်း လိုက်တာ

thawthawmin7 said...

နေပူထဲကိုမခေါ်လိုသူ
ကောင်းတာပေါ့ ယောင်းယောင်းရာ
လမင်းသာမှခေါ်လိမ့်မယ်ပေါ့ စောင့်နေပါ
ဟီး...
တွေးတော့ မတွေးရဲဘူးနော်
စောင့်တော့ နေလိုက်ပါ လာမှာသေချာတယ်....ကတိ...ဟိ