Thursday, May 21, 2009

စရိုက်

အကျိုးရှိတဲ့အခါမှာ မြှောက်ပင့်ရိုကျိုးပြီး အကျိုးမရှိတော့တဲ့ အခါမှာ ကဲ့ရဲ့ပြစ်တင်တတ်တဲ့စရိုက်ရှိသူများဟာ မိတ်ဆွေအစစ်မဟုတ်တဲ့ အတုအယောင် ဖြစ်သလို...
အမြဲအကျိုးပြု မနေနိုင်သော်လည်း အကျိုးဖြစ်ထွန်းစေလိုသော စေတနာနဲ့ အကျိုးမယုတ်စေလိုသော (စိတ်) သတိ အမြဲရှိနေတတ်တဲ့စရိုက်ရှိ သူ ..အမြဲ တသက်မတ်တည်းပြောင်းလဲခြင်း မရှိတဲ့ ဆက်ဆံရေး ရှိတဲ့သူ..
အဲလို လူမျိုးတွေကမှ မိတ်ဆွေ အတု မဟုတ်တဲ့ အစစ်တွေ ဖြစ်မယ်လို့ ယူဆမိတယ်..အဲဒီလို စရိုက်ရှိတဲ့သူ ကိုယ့်ဘေးမှာ ရှိနေရင် ဘဝမှာ အကောင်းဆုံး လာဘ်လာဘကို ပိုင်ဆိုင်တဲ့သူဖြစ်မှာပါ..ဒီလာဘ်လာဘကို ပိုင်ဆိုင်ဖို့အတွက် ကိုယ်ကိုတိုင်ကလည်း မိတ်ဆွေကောင်း ပီသသူ ဖြစ်အောင် ကျင့်ကြံတတ်ဖို့ လိုအပ်မယ်လို့ မှတ်ယူမိပါတယ်......

(ကျမ ဖတ်ဖူးတဲ့ စာအုပ်ထဲမှ ဖော်ပြချက်လေးပါ - ကြိုက်နှစ်သက်မိတာရယ် တိုက်ဆိုင်မှု့ရှိတာတွေကြောင့် ထပ်ဆင့်မျှဝေလိုက်တာပါ)

3 comments:

Unknown said...

ဟုတ်တယ် မလွမ်းပိုရေ ဘုရားသခင်ကသာဆုတွေကိုပေးနိုင်မယ်ဆိုရင် မိတ်ဆွေအစစ် ကို ပဲကျနော်တောင်းမှာပါ။

win latt said...

စရိုက်ဆိုတာ...အမျိုးမျိုးပါပဲ...
ကိုယ့်စရိုက်ကို ကိုယ်သာဖန်တီးတာပါ...။
ကိုယ်ဖန်တီးပြီးသွားတဲ့ စရိုက်ရဲ့အကျိုးရလာဒ်ကလဲ
ကိုယ့်တန်ဘိုး ဘယ်လောက်ရှိတယ်ဆိုတာ သတ်မှတ်ပေးလိုက်တာပါပဲ..။အဲဒီသတ်မှတ်ချက် ကလဲ
ပြုပြင်ဖို့လိုရင်အချိန်ရှိသေးတယ်လို့ သတိပေးသံချောင်း ခေါက်သလိုပါပဲ။ချီးမွမ်းခြင်းတွေနဲ့ကောင်းမွန်ပြည့် စုံနေရင်တော့ ဆက်လုပ်ဖို့ကို တွန်းအားပေးတဲ့ အားဆေးတစ်ခွက်ပါပဲ။ကဲ...တို့ ဘယ်လမ်းကလျှောက်မလဲ....ပြော....။

မိုးခါး said...

မှတ်သွားပါတယ်ယောင်းရေ ..
း))