Saturday, January 17, 2009

သူငယ်ချင်း

သူငယ်ချင်း ဆိုတဲ့ သဘာဝက ဂုဏ်ပကာသန တွေမလိုဘူး ၊ တစ်ယောက်နဲ့တယောက် သာတယ် နာတယ်လို့လည်းသဘောမထား၊ ရွယ်တူတွေလည်းရှိသလို ကိုယ့်ထက်ငယ်သူ ကြီးသူလည်း ရှိကြတယ်၊
နောက်ပြီး လူချင်းမမြင်ဘူးဘဲ အွန်လိုင်းကနေ ဆက်သွယ်မိပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာလည်းရှိကြတယ်၊

ငယ်ရွယ်တဲ့ အချိန်မှာတော့ ကျောင်းအတန်းဖော်သူငယ်ချင်း တွေနဲ့အတူသွား ၊ အတူစား အပူအပင်ကင်းမဲ့စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်၊ ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်လာတော့ ကွဲကွာသွားကြပြီး ကိုယ့်ကိုယ်တိုင် လျှောက်မှ ရောက်မယ့်လမ်းတွေဆီကို လျှောက်လှမ်းသွားကြရတယ်၊ တခါတလေမှာ တိုက်ဆိုင်မှု့တွေရှိတိုင်း သတိရတတ်ကြ
ပေမယ့် ငယ်ငယ်တုန်းကလိုဘဝမျိုးကို ပြန်မရနိုင်တော့ဘူးလေ...

တခါတလေမှာ အတွေ့အကြုံတွေကို ရင်ဖွင့်ချင်တယ်.ကိုယ်သိတာတွေကိုလည်း မျှဝေပေးချင်သေးတယ် ဒါပေမယ့် ကိုယ့်အတွက်ကြောင့် ပျော်နေမလား?၊ စိတ်ညစ်နေမလား?၊
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် သူငယ်ချင်းတွေဟာ နွေ ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်တဲ့ ၊ ဒီလိုပါဘဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူညီပါ့မလဲ
ဒါကြောင့် ဝေးကွာနေတဲ့ သူငယ်ချင်းများကို သတိရ၊လွမ်းနေပါတယ် ဆိုတဲ့အကြောင်း ဘလော့ခ်စာမျက်နှာကနေ ကျန်းမာပျော်ရွင်ပါစေလို့ စိတ်ရင်းနဲ့ ဆုတောင်းလိုက်ပါတယ်.....(win)

4 comments:

Anonymous said...

အစ်မရဲ့ ဆုတောင်းကြောင့် သူငယ်ချင်းတွေ ကျန်းမာ ပျော်ရွှင်နိုင်မှာပါ.။ ကျွန်တော်လည်း ကျောင်းပြီ ကတည်းက သူငယ်ချင်းတွေ နဲ့မတွေ့ ဖြစ်ခဲ့တော့ဘူး.။ သတိရမိ ပါတယ်.။ ဒါပေမယ့် အခု ကျွန်တော်ကို နားလည်ပြီး သည်းခံ ပေါင်းသင်း ပေးကြတဲ့ သူငယ်ချင်း တွေနဲ့ တွေ့နေရလို့ ကျွန်တော် ပျော်ပါတယ်.။

အစ်မလည်း ပျော်ရွှင်နိုင်ပါစေ.....

ကျားလေး

မောင်ရှင်းသန့် said...

ဂုဏ်ပကာ သနကြောင့် ဖြစ်လာတဲ့ သူငယ်ချင်းရယ်လို့
ကျနော့်ဆီမှာ တစ်ယောက်မှ မရှိပါဘူးခင်ဗျာ ။
ရှိလာမှာ လည်း မဟုတ်ပါဘူး ခင်ဗျာ ။

ပထမဆုံး လာလည် ဖြစ်ပါတယ်ခင်ဗျာ :) ။

မိုးခါး said...

မရေ .. ပျော်ရွှင်ပါစေနော် ..

Anonymous said...

ချစ်ခင်ရသော သူငယ်ချင်းတွေနဲ့ ပြန်လည် ဆုံတွေ့ပြီး ဘဝ အတွေ့အကြုံလေးတွေကို မျှဝေ ခံစားရရင် ပျော်စရာ ကောင်းမယ် ထင်မိတယ်.. အစ်မလဲ အစ်မရဲ့ ခွဲခွာနေရတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည် ဆုံတွေ့နိုင်ပါစေဗျာ..