Saturday, January 17, 2009

ချစ်မိခဲ့လို့


နှလုံးသားတခုလုံး မွန်းကျပ်စွာနဲ့
အဆိပ်သင့်ခဲ့ဖူးတယ်
ပစ်ပယ်သွားမှာ ကြောက်လို့

မယုံနိင်လောက်အောင် စွဲလမ်းခဲ့ဖူးတယ်
နှလုံးသားက တောင်းဆိုလို့

တိတ်ဆိတ်စွာနဲ့ ငိုခဲ့ဘူးတယ်
နေရစ်ခဲ့ရမှာကြောက်လို့

မဆုံနိုင်တာ သိပေမယ့်လည်း
ပေးဆပ်ခဲ့ဖူးတယ်
လွမ်းရမှာကြောက်လို့

နောက်ဆုံးတော့လည်း
ထားခဲ့တဲ့နေရာမှာ
ကျေနပ်စွာနဲ့ ရပ်တန့်ကာနေခဲ့ပါတယ်
ချစ်မိခဲ့လို့

(win)

10 comments:

ဖိုးဂျယ် said...

အချစ်က အရာရာကို စွမ်းဆောင်နိုင်တယ်လေ
ခေါ်ဆောင်တာလဲ သူပဲ တားမြစ်တာလဲ သူပဲ
နေခဲ့ဆိုလဲ ရပ်တန့်
လိုက်ခဲ့ဆိုလဲ ဘယ်လောက်မောပါစေ
အားကြိုးမာန်တက်နဲ့ ပြေးလိုက်လဲ့ဖူးတယ်။

Anonymous said...

ကျွန်တော့်အတွက်တော့ အချစ်ဆိုတာအိပ်မက်တစ်ခုလိုပါ အရာရာမျှော်လင့်တိုင်းလည်းလွဲခဲ့ဖူးတယ်။ အချစ်ဆိုတာကျွန်တော့်အတွက်တော့မကိုးကွယ်သင့်တဲ့။ မသောက်သုံးသင့်တဲ့ ဆေးတစ်ခွက်ပါ။ ကိုယ်ကတန်ဖိုးထားတိုင်း ကိုယ့်ကိုတန်ဖိုးထားခြင်းမခံရ။ ကိုယ်ကလေးနက်တိုင်းလည်းကိုယ့်ကိုလေးနက်ခြင်းမခံရ ဆိုတာတွေက အမြဲလိုလိုပါပဲ။အချစ်ကိုမယုံကြည်တော့ ပေမယ့် အချစ်ကိုရှာဖွေနေမိတယ်။ အခုတော့လေလွင့်နေတဲ့စိတ်နဲ့အတူ ချစ်မိတဲ့ အချစ်တွေကို နှမျောတသရင်း ခြေဦးတည့်ရာလျှောက်နေ မိတယ်။ ကိုယ့်ကိုယ်ကို မိုက်မဲသလား ပြန်တွေးကြည့်ရင်လည်း မိုက်မဲမှန်းသိပါတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။

အောင်မြေ said...

ကဗျာလေး အားပေးသွားပါတယ်။
ပျော်ရွှင် အဆင်ပြေပါစေ .. ..

Welcome said...

စိုးရိမ်စိတ်တွေ အပြည့်နဲ့
ရောင့်ရဲနေတတ်သူလေးရဲ့
ရင်ထဲခံစားချက်
တစေ့တစောင်းကို နားလည်စွာ
ခံစားသွားပါကြောင်း

Anonymous said...

Even though I cann't feel the essence of any poem, I sympathize the girl(the author) very much.So.
I 'd like to give a solemn wish to you
"You may be free from the miserable feeling of the love quickly as well as you may find the one who really falls in love with you."

urs,
kcwin2007gmail.com

Anonymous said...

ကြေကွဲစရာပါလား အစ်မ.. အဖြစ်အပျက်ကို အရိပ်အမြွက် သိထားတော့ ပိုလို့ ကြေကွဲရတယ်.. ဒဏ်ရာတွေ အမြန်ဆုံး ပြေလျော့နိုင်ပါစေ ဆုတောင်းပေးပါတယ်.. ဆက်လျှောက်ရမယ့် ဘဝခရီးလမ်းမှာ ပျော်ရွှင်ကြည်နူးစရာတွေပဲ ရရှိပါစေ..

Anonymous said...

ချန်ခဲ့ပေမယ့် ကျန်နေတဲ့ အငွေ့ အသက်တွေက ရင်ခွင်ကို အမြဲ လာထိမှန် မနေဘူးလား...?

thinstar1 said...

မမ၀င်း ကဗျာလေးက ဘယ်သူကိုရည်ရွယ်သလဲ ပြောပါလိုက်ရမလား....ဟီးဟီး..သိနေတယ်နော်မမ

winlatt said...

စွဲလမ်းခဲ့ဖူးတယ်..
အိပ်မက်ထဲမှာတွေ့လို့...။
မျှော်နေခဲ့ဖူးတယ်..
ထပ်ဆုံကြဦးမလားလို့...။
တမ်းတခဲ့ဖူးတယ်..
သူ့အသံ ကြားရဦးမလားလို့....။
ချစ်နေခဲ့ဖူးတယ်...
မဖြစ်နိုင်မှန်းသိသိနဲ့ တောင့်တခဲ့မိလို့....။
ခလေးတစ်ယောက်လိုပဲ
ရေပေါ်မှာအရုပ်ရေးကြည့်မိတယ်...
“ ချစ်ခဲ့မိလို့ပေါ့......”။

Anonymous said...

နုနေတာ နုနေတာ