ရင်ထဲပန်းများ ပွင့်လန်းစေသူ
စိတ်ရဲ့တံခါး ပွင့်သွားစေသူ
နှလုံးဟဒယ ရွှင်ပျစေသူ
အပြုံးများကို အသက်ဝင်စေသူ
အိပ်မက်ညများ ရှည်လျားစေသူ
အတွေးရိပ်များ ထင်ဟပ်စေသူ
ရင်ခုန်သံစည်းချက် သွက်လက်စေသူ
ရုပ်သွင်မြင်ရ ချမ်းမြစေသူ
သူ... သူ ...သူ ...
တန်ခိုးထက်မြက် မှော်လက်နက်နှင့်
မနက်ဖြန်တိုင်းကို ဖန်ဆင်းပါ........
တစ်ခုတော့ ပြောပါရစေ.....
သူဖန်ဆင်းထား နက်ဖြန်များမှာ
ကာလရှည်ကြာ ကိုယ်ပါဝင်ပါရစေ......
yin
Subscribe to:
Post Comments (Atom)
2 comments:
ကြိုက်တယ်ဗျို့
ကိုယ်စိတ်ထဲရှိတ်ာကို
အဲလို လှလှပပရေးနိုင်တာ
အရမ်းချီးကျူးတယ့်ြွ.
ကဗျာဖတ်နေရင်း
ကျွန်တော်ချစ်တဲ့ကောင်မလေး
အရှငိလတ်လတ်ရောက်လာသလို ခံစားရတယ်ဗျာ။
ကြိုက်တယ်
Post a Comment