Monday, June 15, 2009

ချစ်သူ

ချစ်သူ…..

အေးတူပူအမျှအတူတကွ

နေပါရစေတောင်းဆုခြွေလည်း

နေပူထဲကိုမခေါ်လိုသူ

ချစ်သူ….

ဖြစ်ချင်တာထက် ဖြစ်သင့်တာကို

ဦးစားပေးပြီး ဒီဘ၀တော့ ရှိစေတော့ဟု

တိုးတိတ်ကြေကွဲ သဲ့သဲ့ရှိုက်သံ

ရင်ဝယ်သိမ့်သိမ့်

မာန်ချစိတ်ဖြေပြန်လွတ်လေလဲ

ရင်ထဲငရဲကျနေသူ



(ဘလော့ဂ်မိတ်ဆွေ upasaka969 မှ ပေးပို့တဲ့ကဗျာမူရင်းအားအနည်းငယ်ပြင်ဆင်ပြီး ခံစားတင်ပြထားပါသည်)