Tuesday, February 24, 2009
Tag(တခါတုန်းက ဒုက္ခ အခုတော့ ဟာသ)
ဆိုင်ကယ်ကို အရမ်းလိုချင်ခဲ့တဲ့ ကျမကို ဆိုင်ကယ်စီးတတ်မှ ဝယ်ပေးမယ်လို့အမေက ပြောလာတော့ ကျမ ဦးလေး ဆိုင်ကယ်နဲ့ အစီးသင်ဖို့ ဦးလေးကိုပူဆာမိပါတယ်... ဦးလေး ဆိုင်ကယ်နဲ့ရောက်လာချိန်မှာဆိုင်ကယ်ကို ခွပြီးဘယ်လိုလုပ်ရတာလို့ မေးရင်း ဂီယာကို နင်းမိပြီး ကြောက်ကြောက်နဲ့လီဗာကိုဆွဲလိုက်မိတာ ဝုန်းကနဲ ထွက်သွားလေတော့ လူလည်းကြောက်ကြောက်နဲ့အော်ရင်း ဆိုင်ကယ်ပေါ်ပါသွားပါလေရော..
အဲဒီအချိန်မှာဘဲ ရပ်ကွက်ထဲက အကိုကြီးကလှမ်းပြီး နုတ်ဆက်ပါလေရော..(ဟ.စီးတတ်နေပြီပေါ့ ) လို့ ပြောလည်းပြောလိုက်ရော ကျမကအကိုဘေးကပ်နေ လို့ပြောပြီးမှ သူ့ကို ဝင်တိုက်ပါလေရော... အဲဒီအကိုမှာ
လမ်းပေါ်မှာ ပက်လက်ကြီးအနေအထားပေါ့ ဆိုင်ကယ်နဲ့ကျမကသူ့ခြေထောက်ကြားမှာလေ.. အဲဒီအကိုကြီးက လီဗာကို လျော့ဟလို့ပြောလေကျမက နားမလည်တော့ လီဗာကို လက်က မလျော့မိဘဲကြောက်ကြောက်နဲ့
ဆုပ်ကိုင်မိလေ ဒုက္ခလည်းရောက် ချွေးတွေပြန်ပြီးလူလည်း အတော်လေးကိုကြောက်သွားမိတယ် .....
(အဲဒီအကိုကြီး ဘာဖြစ်သွားသေးလည်း ဆိုတာတော့ ပြောမပြတော့ဘူးနော်.)
အခုအချိန်ထိ အဲဒီအကိုက ကျမကိုတွေ့တိုင်း ဒေါ်လီဗာ လို့အမြဲ ခေါ်တတ် ပါတယ်..အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးက အခုအချိန်မှာ ပြန်တွေးမိတိုင်းအမြဲ ပြုံးမိပါတယ်....
ကိုဝင်းဇော် ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်........
ကိုသစ်ဆင်းနှင့် ကိုဂစ်တာ တို့ကိုလည်း ဆက်ပြီး(Tag) ထားလိုက်ပါတယ် အချိန်ရရင်ဖြေပေးစေချင်ပါတယ်
(winwinlay)
Sunday, February 15, 2009
ညှို့
ကျမ လိုချင်တာတွေ မှန်သမျှ
ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်
ကျမ မောင့်ကို
စိတ်ညှို့ပစ်လိုက်ချင်တယ်....
Tuesday, January 27, 2009
မေ့ထားရက်သူ
အလွမ်းဒဏ်ကြောင့်
ရင်နှင့်အမျှ ခံစားရတော့မှ
ကံကြမ္မာကိုပဲ အကြိမ်ကြိမ်
အပြစ်တင် နေရမလား...
မေ့ထားနိုင်သူ နဲ့ မမေ့ရက်နိုင်သူ
အတူရှိခဲ့စဉ်က ပျော်ရွှင်မှုအတိတ်အရိပ်တွေကို
ဘယ်လိုမှ တားဆီးထိန်းချူပ်မထားနိုင်တဲ့
မမေ့ရက်နိုင်သူကိုပဲ
အကြိမ်ကြိမ် အပြစ်ရမလား....
နောက်ဆုံးအဖြေကတော့
ကျေနပ်စွာနဲ့ ကြေကွဲရင်း
ကြေကွဲစွာနဲ့ မမေ့နိုင်သူပါ...
(win)
Saturday, January 17, 2009
ချစ်မိခဲ့လို့

နှလုံးသားတခုလုံး မွန်းကျပ်စွာနဲ့
အဆိပ်သင့်ခဲ့ဖူးတယ်
ပစ်ပယ်သွားမှာ ကြောက်လို့
မယုံနိင်လောက်အောင် စွဲလမ်းခဲ့ဖူးတယ်
နှလုံးသားက တောင်းဆိုလို့
တိတ်ဆိတ်စွာနဲ့ ငိုခဲ့ဘူးတယ်
နေရစ်ခဲ့ရမှာကြောက်လို့
မဆုံနိုင်တာ သိပေမယ့်လည်း
ပေးဆပ်ခဲ့ဖူးတယ်
လွမ်းရမှာကြောက်လို့
နောက်ဆုံးတော့လည်း
ထားခဲ့တဲ့နေရာမှာ
ကျေနပ်စွာနဲ့ ရပ်တန့်ကာနေခဲ့ပါတယ်
ချစ်မိခဲ့လို့
(win)
သူငယ်ချင်း
နောက်ပြီး လူချင်းမမြင်ဘူးဘဲ အွန်လိုင်းကနေ ဆက်သွယ်မိပြီး သူငယ်ချင်းတွေ ဖြစ်သွားကြတာလည်းရှိကြတယ်၊
ငယ်ရွယ်တဲ့ အချိန်မှာတော့ ကျောင်းအတန်းဖော်သူငယ်ချင်း တွေနဲ့အတူသွား ၊ အတူစား အပူအပင်ကင်းမဲ့စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်၊ ဒီလိုနဲ့ အချိန်တန်အရွယ်ရောက်လာတော့ ကွဲကွာသွားကြပြီး ကိုယ့်ကိုယ်တိုင် လျှောက်မှ ရောက်မယ့်လမ်းတွေဆီကို လျှောက်လှမ်းသွားကြရတယ်၊ တခါတလေမှာ တိုက်ဆိုင်မှု့တွေရှိတိုင်း သတိရတတ်ကြ
ပေမယ့် ငယ်ငယ်တုန်းကလိုဘဝမျိုးကို ပြန်မရနိုင်တော့ဘူးလေ...
တခါတလေမှာ အတွေ့အကြုံတွေကို ရင်ဖွင့်ချင်တယ်.ကိုယ်သိတာတွေကိုလည်း မျှဝေပေးချင်သေးတယ် ဒါပေမယ့် ကိုယ့်အတွက်ကြောင့် ပျော်နေမလား?၊ စိတ်ညစ်နေမလား?၊
သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် သူငယ်ချင်းတွေဟာ နွေ ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်တဲ့ ၊ ဒီလိုပါဘဲ တစ်ယောက်နဲ့တစ်ယောက် ဘယ်တူညီပါ့မလဲ
ဒါကြောင့် ဝေးကွာနေတဲ့ သူငယ်ချင်းများကို သတိရ၊လွမ်းနေပါတယ် ဆိုတဲ့အကြောင်း ဘလော့ခ်စာမျက်နှာကနေ ကျန်းမာပျော်ရွင်ပါစေလို့ စိတ်ရင်းနဲ့ ဆုတောင်းလိုက်ပါတယ်.....(win)
Thursday, January 1, 2009
ဂုဏ်ပြုပါတယ် သူငယ်ချင်း
ဝန်ကြီးဌာနတစ်ခုတွင် အတူတူတာဝန်ထမ်းဆောင်ကြသော(ကိုသစ်ဆင်း၊ကျားလေး ၊အိန်ဂျယ်(၃)ယောက်)တို့၏ ဝန်ကြီးဌာန (၆၁) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဘာသာရပ်ကျွမ်းကျင်ဆု ကို ရရှိခဲ့သော ကျမတို့၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း မောင်လေး ကျော်နိုင်စိုး(ကျားလေး) ရရှိခဲ့ တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ကြောင်း ဘလော့စာမျက်နှာမှ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်
(win)
Wednesday, December 31, 2008
စိတ်ကူးယဉ်

ဘလော့ မိတ်ဆွေတယောက်ဖြစ်တဲ့ ကိုဝင်းဇော်မှ tag ထားတဲ့အတွက် ဒီပိုစ့်လေး ကို ရေးဖြစ်သွားပါတယ်၊ နောက်ကျနေတဲ့ အတွက်လည်း နားလည် ပေးစေချင် ပါတယ်၊ စိတ်ကူးမယဉ်ဘူးတဲ့သူ ဆိုတာ မရှိပါဘူး...အဲဒီ အရသာဟာ တော်တော်လေး ကောင်းတယ်.. တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့အတွေးများ နဲ့ ဆိုတော့လေ
ဝင်း စိတ်ကူးယဉ်တဲ့ အချိန်က ရုံးသွား ရုံးပြန်ဖယ်ရီပေါ်မှာနှင့် ညအိပ်ရာဝင်ချိန် တွေပါဘဲ..ငါသာ ပိုက်ဆံတွေအများကြီး ရှိရင်ပေါ့ ကိုးကွယ်တဲ့ ရွာကဘုန်းကြီး ကျောင်းက မပြီးသေးတဲ့ ဘုရားသိမ်တော်ကြီးကိုလည်း လှူမယ် အဲဒါကို စိတ်ကူးယဉ်တိုင်း ပါတယ်လေ..အခုရာသီက ကျိုက်ထီးရိုး ဘုရားကို သွားရောက်တဲ့ အချိန်ဆိုတော့ ဝင်းရဲ့ မိခင်အပါအဝင် သူငယ်ချင်းတွေနဲ့ သွားဖူးချင်နေပါတယ်..ပညာတော်သင်ပြန်လာတဲ့ သူတွေ presentation လုပ်ကြတဲ့အခါမှာ ငါသာဆိုရင် ဘယ်လိုလုပ်မယ်ပေါ့.... ပြီးတော့ အဝေးရောက်နေတဲ့ တယောက်သောသူ အခုနေများ ရောက်လာခဲ့ရင် ဘယ်ကိုသွားလည်ရင် ကောင်းမလဲပေါ့....
တော်ပြီ ကိုဝင်းဇော်ရေ ရေးရင်းနဲ့ အကြောင်းတွေ ပေါ်ကုန်လိမ့်မယ်နော့....နောက်ဆုံးကတော့ ကားအကောင်းစား ကြီးကို ကိုယ်တိုင်မောင်းပြီး ရုံးတက်ချင်တယ်လေ...